အမေရိကန်အဆိုတော်ကီရှာနှင့် ရက်ပ်အဆိုတော်မက်ကယ်လ်မိုးတို့သည် လာမည့်နှစ်တွင် ‘The Adventures of Kesha and Macklemore’ ဟု ခေါင်းစဉ်ပေးထားသော နယ်လှည့်ဖျော်ဖြေပွဲကို တွဲဖက်ပြုလုပ်သွားမည်ဟု တနင်္လာနေ့၌ ကြေညာခဲ့ကြသည်။
ကီရှာ၏ Rainbow အယ်လ်ဘမ်နှင့် မက်ကယ်လ်မိုး၏ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သော Genemini တို့ ဂရမ်မီဆုအတွက် ဇကာတင်စာရင်းထဲ၌ ရွေးချယ်ခံခဲ့ရအပြီးတွင် ယခုလိုကြေညာခဲ့ကြခြင်းဖြစ်သည်။
ထိုနယ်လှည့်ဖျော်ဖြေပွဲကို Live Nation က တာဝန်ယူထုတ်လုပ်မည်ဖြစ်ပြီး ကိုးပတ်ခန့် ကြာမြင့်မည်ဟု သိရ သည်။ ဖျော်ဖြေပွဲကို လာမည့် ၂၀၁၈ ဇွန်လ ၆ ရက်နေ့တွင် ဖီးနစ်မြို့မှစတင်သွားမည်ဖြစ်ပြီး သြဂုတ်လ ၅ ရက် နေ့တွင် ဖလော်ရီဒါပြည်နယ် တမ်ပါမြို့၌ အဆုံးသတ်မည်ဖြစ်သည်။
ဖျော်ဖြေပွဲလက်မှတ်များကို လာမည့်ဒီဇင်ဘာလ ၁၅ ရက် သောကြောနေ့တွင် LiveNation.com ၌ စတင် ရောင်းချသွားမည်ဖြစ်ပြီး လက်မှတ်တစ်စောင်စီရောင်းချရမှုတိုင်းမှ အမေရိကန်တစ်ဒေါ်လာခန့်ကို ကီရှာက အမေရိကန်နိုင်ငံ၏ အကြီးဆုံး လိင်အကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့ဖြစ်သည့် RAINN ထံသို့ လှူဒါန်းသွားမည် ဖြစ်ပြီး မက်ကယ်လ်မိုးက လူမျိုးရေးခွဲခြားမှုနှင့်တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့အစည်းဖြစ်သည့် M Plus1 သို့ လှူဒါန်းသွားမည်ဟု သိရသည်။
Ref: Variety