ရထားပေါ်မှာ တွေ့တဲ့ မြွေကို လက်ဗလာနဲ့ ဖမ်းယူ သတ်ခဲ့တဲ့ အင်ဒိုအမျိုးသား

ရထားပေါ်မှာ တွေ့တဲ့ မြွေကို လက်ဗလာနဲ့ ဖမ်းယူ သတ်ခဲ့တဲ့ အင်ဒိုအမျိုးသား

နိုဝင်ဘာ ၃၀ ။           ။ အင်ဒိုနီးရှားနိုင်ငံက လူကျပ်တဲ့ ရထားတစ်စင်းပေါ် ရောက်နေခဲ့တဲ့ မြွေတစ်ကောင်ကို ခရီးသည်အမျိုးသားတစ်ဦးက အကူအညီမပါဘဲ လက်ဗလာနဲ့ ဖမ်းယူသတ်ပြခဲ့တဲ့ ဗီဒီယို အွန်လိုင်းပေါ် ပြန့်နှံ့ခဲ့ပါတယ်။

အနောက်ဂျာဗားခရိုင် ဘိုဂေါမြို့နဲ့ မြို့တော် ဂျာကာတာအကြား ခုတ်မောင်းလာတဲ့ ခရီးသည်တင် ရထားတစ်စင်းပေါ်က အိတ်တွေထားရာ စင်ပေါ်မှာ မြွေတစ်ကောင် ရောက်နေတာကို တွေ့ခဲ့ရလို့ ရထားကို ခေတ္တ ရပ်ဆိုင်းခဲ့ရပါတယ်။

ယင်းနောက် အမည်မသိ အမျိုးသားတစ်ဦးက တုတ်လက်နက် အကူအညီမပါဘဲနဲ့ စင်ပေါ်မှာ ရှိနေတဲ့ မြွေရဲ့ အမြီးကို ဆတ်ခနဲ ဖမ်းဆွဲပြီး ကြမ်းပြင်နဲ့ ရိုက်ကာ သုတ်သင်ပေးနိုင်ခဲ့ပါတယ်။ ယင်းနောက် လှုပ်ရှားမှု မရှိတော့တဲ့ မြွေကို ရထားအပြင်ဘက်ကို ပစ်ချပေးနိုင်ခဲ့ပါတယ်။

ယင်း အမျိုးသား မြွေကို ယခုလို လက်ဗလာနဲ့ ရှင်းပေးနိုင်ခဲ့တာကို အနားမှာ ရှိသူတစ်ချို့က ဗီဒီယိုရိုက်ကူးခဲ့ရာကနေတဆင့် ယခုလို အွန်လိုင်းပေါ် ပြန့်နှ့ံလာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရထားပေါ် မြွေတွေ့ခဲ့တဲ့ ဖြစ်စဉ်အပေါ် မီးရထားအော်ပရေတာဘက်ကနေ ခရီးသွားတွေကို ပြန်လည်တောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly