ဂျော်ဂျီယာက ဇိမ်ခံဟိုတယ်ကြီးတစ်ခု မီးလောင်ကျွမ်းမှုကြောင့် ၁၂ ဦး ထက်မနည်း သေဆုံး

ဂျော်ဂျီယာက ဇိမ်ခံဟိုတယ်ကြီးတစ်ခု မီးလောင်ကျွမ်းမှုကြောင့် ၁၂ ဦး ထက်မနည်း သေဆုံး

 

နိုဝင်ဘာ ၂၅ ။          ။ ဂျော်ဂျီယာနိုင်ငံ အပန်းဖြေမြို့တစ်ခုဖြစ်တဲ့ ဘာတူမီမြို့က အဆင့်မြင့် ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ ချီ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထပ်ပေါင်း ၂၂ ထပ်ရှိ လီယိုဂရက်ဒ် အမည်ရ ယင်းဇိမ်ခံဟိုတယ်ကြီးမှာ ယမန်နေ့ ညနေပိုင်းက Miss Georgia 2017 အလှမယ်ပြိုင်ပွဲဝင်တွေရဲ့ ညစာစားပွဲတစ်ခု ရှိစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဟိုတယ် မီးလောင်ကျွမ်းချိန်မှာတော့ အလှမယ်တွေအားလုံးအပါအဝင် ဧည့်သည်ပေါင်း ၁၀၀ ကျော်နဲ့ အမှုထမ်းတွေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ၁၂ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရသူတွေထဲမှာ အစ္စရေးနဲ့ တူရကီနိုင်ငံသားတွေလည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းခြင်းရဲ့ အကြောင်းရင်းကိုတော့ စုံစမ်းဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly