ထိုင်းတွင် ဆယ်ဘီးကားနှင့် ဗင်ကားတိုက်မှုအတွင်း မြန်မာ ၁၃ ဦး သေဆုံး

ထိုင်းတွင် ဆယ်ဘီးကားနှင့် ဗင်ကားတိုက်မှုအတွင်း မြန်မာ ၁၃ ဦး သေဆုံး

ထိုင်းနိုင်ငံတွင် မြန်မာများ လိုက်ပါလာသော ဗင်ကားသည် ထရပ်ကားတစ်စီးနှင့် တိုက်ကာ မီးလောင်ခဲ့ရာမှ မြန်မာနိုင်ငံသား ၁၃ ဦး သေဆုံးကြောင်း ရဲက ပြောပြီး ဘုရင့်နိုင်ငံ ထိုင်းနိုင်ငံ၏ ယာဉ်မတော်တဆမှုများတွင် နောက်ဆုံးဖြစ်ပွားသည့် ထိတ်လန့်ဖွယ် ဖြစ်ရပ်ပဲ ဖြစ်သည်။

မြန်မာနှင့် နယ်စပ်ဝင်ပေါက် မဲဆောက်မှ မောင်းနှင်လာသော ဗင်ကားသည် ဘန်ကောက်သို့ ဦးတည်ခရီးစဉ်တွင် ဆင်းဘူရီပြည်နယ်အတွင်း ဆယ်ဘီးကားကြီးနှင့် တိုက်မိခြင်းဖြစ်သည်ဟု ဌာနေရဲဌာနက ပြောသည်။

"သေဆုံးရုပ်အလောင်းတွေက ဆိုးဆိုးဝါးဝါး မီးလောင်ထားလို့ အာဏာပိုင်တွေအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနေဆဲပဲ ဖြစ်တယ်။"ဟု တာဝန်ရှိသူက ပြောပြီး ထိုင်းဒရိုင်ဘာလည်း သေဆုံးကြောင်း ဖြည့်စွက်ဆိုသည်။

ထိုင်းနိုင်ငံက လမ်းပိုင်းများသည် ဒေသတွင်း အသေအပျောက်များသော လမ်းများတွင် အပါအဝင်ဖြစ်သည်။

နှစ်စဉ် ထိုင်းနိုင်ငံ လမ်းများတွင် သေဆုံးမှုပေါင်း ၂၄၀၀၀ ဝန်းကျင်ရှိရာ အိမ်နီးချင်းနိုင်ငံများက သေဆုံးမှု၏ အထက်တွင် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly