ဘိုကိုဟာရမ်အဖွဲ့၏သတ်ဖြတ်မှုကြောင့် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ လူ ၆ ဦးသေဆုံး

ဘိုကိုဟာရမ်အဖွဲ့၏သတ်ဖြတ်မှုကြောင့် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ လူ ၆ ဦးသေဆုံး

 

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ မိုင်ဒူဂူရီမြို့မှ လယ်သမား ၆ ဦးခန့်ကို ဘိုကိုဟာရမ်အကြမ်းဖက်သမား များက သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် သေဆုံးသူထဲမှတစ်ဦး၏ ညီဖြစ်သူက တနင်္လာနေ့က ပြောခဲ့ သည်။

ဘိုကိုဟာရမ်အဖွဲ့သည် ဘော်နိုပြည်နယ် ဂျီရီနယ်မြေအတွင်းရှိ လာဝမ်တီကျေးရွာအတွင်းမှ လယ်သမားများကို တနင်္ဂနွေနေ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းဒေသ၏ လုံခြံုရေးအတွက် အစိုးရစစ်တပ်ကို အကူညီပေးနေသော ပြည်သူ့စစ် တပ်ဖွဲ့မှ မိုဟာမက်အက်ရှိတ်ခ်က “ကျနော်တို့ရဲ့လူတွေဟာ လယ်ကွင်းထဲကိုသွားပြီး အလုပ်လုပ်ခဲ့ကြပါတယ်။ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့သား ရ ဦးဟာ မော်တော်ဆိုင်ကယ် ၂စီးကို စီးနင်းလာပြီး လူနှစ်ယောက်ကို တိုက်သတ်ခဲ့ပါတယ်။ ပြီးတော့နောက်ထပ် ၄ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ လူပေါင်း ၆ ဦးခန့်ကို သတ်ခဲ့ တာပါ” ဟု ပြောခဲ့သည်။

သေဆုံးသူတစ်ဦး၏ညီဖြစ်သော ဂျီဒါအာမက်က သူ၏အစ်ကိုမူဆာအာမက်သည် ထွက်ပြေးရန်ကြိုးပမ်းစဉ်၌ ခေါင်းကိုသေနတ်နှင့် အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့သည် ထိုတိုက်ခိုက်မှုများကို သူတို့ကျူးလွန်သည်ဟု ထုတ်ဖော်ပြောဆိုလေ့မရှိသော်လည်း မိုးရာသီကုန်လွန်အပြီးတွင် ခေါင်သီလှသောနယ်မြေဒေသများနှင့် ကျေးလက်ဒေသများတွင် ယင်းဘိုကိုဟာရမ် အစ္စလာမ်မစ်အဖွဲ့သည် ထကြွသောင်းကျန်းလျက်ရှိသည်။

နိုင်ဂျီးရီးယားအစိုးရစစ်တပ်သည် ဒေသခံပြည်သူ့စစ်များနှင့်ပူးပေါင်းပြီး ဂျီဟတ်ဝါဒီများကို လွန်ခဲ့သော ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့က ၄င်းတို့သိမ်းပိုက်ထားခဲ့သော နယ်မြေများမှ နှင်ထုတ်နိုင်ခဲ့သည်။

သို့သော်လည်း အစာရေစာရှားပါးမှုကြောင့် ငတ်မှုခေါင်းပါးမှုကိုရင်ဆိုင်နေရပြီး အစားအစာထောက်ပံ့မှုအပေါ် မှီခိုနေရသည့်အတွက် လယ်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်နေရသော လယ်သမားများအား ဘိုကိုဟာရမ်အဖွဲ့ က လာရောက်တိုက်ခိုက်လျက်ရှိသည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ်ကစတင်ခဲ့သော ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့၏  တိုက်ပွဲများ ကြောင့် လူပေါင်း ၂၀၀၀၀ ထက်မနည်းသေဆုံးခဲ့ရပြီး လူပေါင်း ၂.၆ သန်းကျော်ခန့် အိုးအိမ်မဲ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required