မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၈၈၃) မြို့ဟောင်းရပ်ဝန်းအတွင်းတွင်၊ နိုဝင်ဘာလ(၁၆)ရက် နံနက် ၁၂ နာရီခွဲ အချိန်က ရပ်နားထားသည့် BNUEZ(12671) အိပ်စင်ရထားတွဲမှ စတင်၍မီးလောင်မူဖြစ်ပွားခဲ့ရာ မီးရထားတွဲ (၄)စီး မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ပါသည်။
အဆိုပါ မီးလောင်ကျွမ်းမူအား မီးလောင်မူအဆင့် Level 2 သတ်မှတ်ကာ မီးငြိမ်းသတ်ယာဉ်(၂၀)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မူယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)တို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြပြီး နေ့လည် ၁၂နာရီခွဲခန့်တွင် မီးလောင်မူအား အပြီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မန္တလေးမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မီးလောင်မူကြောင့် မီးရထားတွဲ(၄)စီး မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ်၂၃၀၀၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်ရသည့် အကြောင်းအရင်းကို မသိရသေးပေ။
မီးစတင်လောင်ကျွမ်းမူအား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)ရဲစခန်းတွင် အမူဖွင့်အရေးယူရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင််း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။