ပစိဖိတ်ကမ်းရိုးတန်း ကော်စတာရီကာနိုင်ငံရဲ့ မြို့တော် စန်ဟိုဆေးအနီး ၆.၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု တနင်္ဂနွေနေ့နှောင်းပိုင်း ဒေသစံတော်ချိန် ညပိုင်း ၈:၂၈ နာရီအချိန်က လှုပ်ခတ်သွားကြောင်း အမေရိကန်ငလျင်တိုင်းတာရေး အေဂျင်စီအရ သိရပြီး အပျက်အစီးနှင့် အသေအပျောက် ရှိမရှိ မသိရသေးပေ။
ငလျင်ဟာ ကော်စတာရီကာနိုင်ငံ၊ ပါရီတာရဲ့ အနောက်ဘက် ၁၆ ကီလိုမီတာအကွာ ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်သွားကြောင်း USGS အရ သိရပါတယ်။
ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဆူနမီသတိပေးချက် ထုတ်ပြန်သွားခြင်း မရှိခဲ့ပါဘူး။
Ref; AFP