ဘရာဇီးတွင် ယမန်နှစ်က ရာဇဝတ်မှု ဖြစ်ပွားနှုန်း စံချိန်တင် မြင့်တက်

ဘရာဇီးတွင် ယမန်နှစ်က ရာဇဝတ်မှု ဖြစ်ပွားနှုန်း စံချိန်တင် မြင့်တက်

 

အောက်တိုဘာ ၃၁ ။                   ။ ယမန်နှစ် ၂၀၁၆ ခုနှစ်က ဘရာဇီးနိုင်ငံမှာ လူသတ်မှုပေါင်း ၆၁,၀၀၀ ကျော်ထိ ဖြစ်ပွားခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ယင်းဟာ နိုင်ငံသမိုင်းတစ်လျှောက် အများဆုံးအဖြစ် မှတ်တမ်းဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေကတော့ နိုင်ငံမှာ လုံခြံုရေး ကျိုးပေါက်ပြိုလဲနေပြီဖြစ်ကြောင်း သုတေသီတွေက ခိုင်းနှိုင်းပြောဆိုနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

ယမန်နှစ် ဖြစ်ပွားမှုနှုန်းအရ ယင်းနိုင်ငံမှာ တစ်ရက်ကို လူသတ်မှုဖြစ်ပွားမှု ပျမ်းမျှ ၁၆၈ ခု ဒါမှမဟုတ်  တစ်နာရီကို ခုနစ်ခု နှုန်းထိ ဖြစ်နေခဲ့တာကို တွေ့ရတယ်ဆိုပြီး အစိုးရမဟုတ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ဘရာဇီး ပြည်သူ့လုံခြံုရေးဖိုရမ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းနိုင်ငံမှာ ရဲတွေရဲ့ ပစ်သတ်ခြင်းခံရတဲ့ အရေအတွက်က အစောပိုင်းတစ်နှစ်ကနဲ့ယှဉ်ရင် ၂၀၁၆ မှာ ၂၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ပျမ်းမျှအနေနဲ့ တစ်နေ့ကို လူပေါင်း ၁၁ ဦး ရဲတွေရဲ့ စီးနင်းနှိမ်နင်းမှုတွေအတွင်း အသတ်ခံရပြီး သေဆုံးခဲ့ရသလို ၎င်းတို့ထဲက လေးပုံ ပုံ တစ်ပုံနီးပါးလောက်ဟာ ရီယိုဒီဂျနေးရိုး ပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းပြည်နယ်မှာတော့ ယမန်နှစ် အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပထားခဲ့သလို ရာဇဝတ်မှု ဖြစ်ပွားနှုန်း တိုးပွားနေတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရလျက်ရှိပါတယ်။

ယင်းနိုင်ငံမှာတော့ လူဦးရေထူထပ်တဲ့၊ မူးယစ်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်တွေမှာ ယခုလို ရာဇဝတ်မှုတွေ ပိုမိုအဖြစ်များနေလျက်ရှိတာကို တွေ့ရှိရကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly