ကင်ညာတွင် သဘောထားကွဲလွဲမှုများ ကြီးထွားသည့်ကြား ရွေးကောက်ပွဲရလဒ်ကို စောင့်ကြို

ကင်ညာတွင် သဘောထားကွဲလွဲမှုများ ကြီးထွားသည့်ကြား ရွေးကောက်ပွဲရလဒ်ကို စောင့်ကြို

 

နိုင်ရိုဘီ၊ အောက်တိုဘာ ၂၈ ။                 ။ ကင်ညာတွင် ဆူပူအကြမ်းဖက်ဆန္ဒပြမှုများ၊ အတိုက်အခံများက လူမျိုးသုဉ်းသတ်ဖြတ်နေသည် စွပ်စွဲချက်များဖြင့် နိုင်ငံသားများကြား သဘာထားကွဲလွဲမှုကြား ကြီးထွားနေစဉ် အောက်တိုဘာ ၂၆ ရက်က ကျင်းပသော ရွေးကောက်ပွဲနောက်ဆုံးရလဒ်ကို ပြည်သူများက အောက်တိုဘာ ၂၈ ရက်ထိ စိတ်ဝင်တစား စောင့်ကြိုနေကြသည်။

ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးမဲရလဒ် ပြန်လည်ရေတွက်ရန် အချိန်နည်းနည်း ယူရဦးမည်ဖြစ်ပြီး မဲပေးသူပြည်သူများအနေဖြင့် စိတ်ရှည်စောင့်ဆိုင်းရန် ပြောထားသည့်ကြားက မဲပေးကြသည့် မဲရုံများအားလုံးမှ နောက်ဆုံးရလဒ်ကို ရရှိထားပြီးဟုလည်း အာမခံပြောဆိုသည်။

ရွေးကောက်ပွဲနေ့က အတိုက်အခံထောက်ခံသူများနှင့် ရဲများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခြင်းကြောင့် မဲပေးနိုင်သူ ၁ ဒဿမ ၈ သန်းရှိရာ စီရင်စုလေးစုမှ မဲရုံပေါင်း ၅၃၁၉ ရုံ မဖွင့်လှစ်နိုင်ဘဲ ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဝါဖူလာချီဘူကာတီက အဆိုပါ စီရင်စုလေးခုတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များအတွက် ဘေးရှိခြင်းကြောင့် မဲရုံများကို ဆိုင်းငံ့ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ယခုရွေးကောက်ပွဲတွင်  မဲပေးသူပေါင်း ၄၈ ရာခိုင်နှုန်း ရှိကြောင်း ဝါဖူလာက ကြေညာရာ သြဂုတ် ၈ ရက်က ကျင်းပသော ရွေးကောက်ပွဲကထက် ၃၀ မှတ်နှုန်းထား လျော့နည်းခြင်းဖြစ်သည်။

သြဂုတ် ရွေးကောက်ပွဲကို တရားရုံးချုပ်က ဖွဲ့စည်းပုံနှင့် မညီဟုဆိုကာ ပယ်ချခြင်းကြောင့် ယခုလို ထပ်မံကျင်းပရခြင်းဖြစ်သည်။

သို့သော်  ယခုမဲပေးသူနှုန်းထားမှာလည်း ၎င်းတို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ခန့်မှန်းထားသည့် ရာနှုန်းသာဖြစ်ကြောင်း၊ အမှန် မဲပေးနှုန်းထားက ၃၅ ရာခိုင်နှုန်းထက်ပင်  ကျော်လွန်ဖွယ် မရှိကြောင်း ၎င်း၏ ကိုယ်ပိုင်သုံး တွစ်တာအကောင့်တွင် ရေးသားသော်လည်း တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly