ရန်ကုန် (မဇ္ဈိမ) ။ ။ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နှင့် အမေရိကန်သံရုံး နိုင်ငံရေးဆိုင်ရာအရာရှိ Mr.David Galbraith တို့ သြဂုတ်လ ၁၇ရက် နေ့လည်ပိုင်းက လာရောက်တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ဆွေးနွေးခဲ့သည်ဟု ၈၈မျိုးဆက်အဖွဲ့က ထုတ်ပြန်ထားသည်။
တွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည့် ရေဘေးသင့် ဒေသများ၏ အခြေအနေများ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သည်။