ဆောက်သမ်တန်နည်းပြဟောင်း ကလော်ဒီ ဖျူရယ်လ်ကို နည်းပြသစ်အဖြစ် လက်စတာအသင်း ခန့်အပ်

ဆောက်သမ်တန်နည်းပြဟောင်း ကလော်ဒီ ဖျူရယ်လ်ကို နည်းပြသစ်အဖြစ် လက်စတာအသင်း ခန့်အပ်

လက်စတာစီးတီးအသင်းဟာ ၎င်းတို့ရဲ့ နည်းပြသစ်အဖြစ် ဆောက်သမ်တန်နည်းပြဟောင်း ကလော်ဒီ ဖျူရယ်လ်ကို (၃)နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

ဖျူရယ်လ်ဟာ ယခုနှစ်အတွင်း လက်စတာအသင်းရဲ့ တတိယမြောက်နည်းပြဖြစ်လာခဲ့ပါတယ်။ လက်စတာအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပေးခဲ့တဲ့ နည်းပြ ရာနီရေးရီကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ရှိတ်စပီးယားကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အက်ပယ်လီတန်က လက်စတာအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားမှာဖြစ်ပါတယ်။

ဖျူရယ်လ်သည် ဆောက်သမ်တန်အသင်းသို့ မရောက်ရှိမီ လိုင်လီ၊ လိုင်ယွန် နိုက်စ်အသင်းများကို တာဝန်ယူခဲ့ဖူကြောင်း သိရသည်။

ဖျူရယ်လ်ဟာ မိုနာကို၊ လိုင်လီ၊ လိုင်ယွန်နှင့် နိုက်စ်အသင်းများကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly