လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အီဂျစ်သမ္မတ စီစီကို နားချဖို့ မလိုဟု ပြင်သစ်သမ္မတ ပြော

လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အီဂျစ်သမ္မတ စီစီကို နားချဖို့ မလိုဟု ပြင်သစ်သမ္မတ ပြော

 

ပါရီ၊ အောက်တိုဘာ ၂၅ ။        ။ အီဂျစ်သမ္မတ စီစီ၏ လူ့အခွင့်အရေးမှတ်တမ်းများနှင့် ပတ်သက်ပြီး ပြောဆိုဝေဖန်နေမှုများကို ပြင်သစ်သမ္မတ မက်ခရွန်က မျက်ကွယ်ပြုလျက် စီစီအား လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး နားချစရာ မလိုကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ခြေခြေမြစ်မြစ် ရှိမှ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောလို့ရမှာဖြစ်တယ်။”ဟု ပါရီတွင် စီစီနှင့် ပူးတွဲသတင်းစာရှင်းလင်းရာ မက်ခရွန်က ပြောပြီး အီဂျစ်၏ ဘာသာရေးအစွန်းရောက် ဆူပူမှုများကို တိုက်ခိုက်နေခြင်းအတွက်လည်း ထောက်ခံစကား ဆိုသည်။

ရွေးကောက်ခံ သမ္မတ မော်စီကို ဖြုတ်ချခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း စီစီအား ပြင်သစ်က အစွန်းရောက်တိုက်ဖျက်ရေးနှင့် စစ်ပွဲဒဏ်သင့် အရှေ့အလယ်ပိုင်း တည်ငြိမ်ရေး ရင်းမြစ်တို့အတွက် အဓိကမဟာမိတ်အဖြစ် ရှုမြင်ထားသည်။

အစွန်းရောက် နှိမ်နင်းရေးသည် ဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတို့အပေါ် လေးစားလိုက်နာခြင်းဖြင့် လုပ်ဆောင်သင့်ကြောင်းလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က ဆိုသည်။

ပြင်သစ်နှင့် အီဂျစ် နှစ်နိုင်ငံက ပါရီသို့ စီစီ လာရောက်လည်ပတ်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက် စသည့် သဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့သည်။

သို့သော မက်ခရွန်ကလည်းကောင်း၊ စီစီကလည်းကောင်း အီဂျစ်၏ အလွဲသုံးစားမှုများနှင့် ဖိနှိပ်မှုများနှင့် ပတ်သက်သည့် မေးခွန်းများကို ရှောင်တိမ်းသွားကြသည်။

၂၀၁၆ က အီဂျစ်တွင် ရဲများ၏ လက်တွင်း အီရန်သုတေသနပညာရှင် အသတ်ခံထားသည့် သတင်းပတ်သက်ပြီး ပြင်သစ်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “ကျွန်တော်တို့ နှိပ်စက်ညင်းပန်းမှုတွေ လုပ်တာမျိုး မရှိဘူး။”ဟု စီစီက ဖြေကြားခဲ့သည်။

အီဂျစ်သည် ပြင်သစ်၏ လက်နက်များ အဓိကဝယ်လက်နိုင်ငံလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly