စစ်မှုမထမ်းမနေရ ဥပဒေအတိုင်း စစ်တပ်ထဲ၌စာရင်းပေးခဲ့သော မင်းသားဂျီချန်ဝတ်ခ်သည် ငါးပတ်တာခန့်ကြာမြင့်သော အခြေခံစစ်သင်တန်းကို မကြာခင်က အောင်မြင်စွာပြီးမြောက်နိုင်ခဲ့သည်။
စက်တင်ဘာလ ၂၁ရက်နေ့တွင် သူ၏အေဂျင်စီဖြစ်သော Glorious Entertainment က “ ဂျီချန်ဝတ်ခ်ဟာ သင်တန်းစခန်းကနေ ဒီနေ့ပဲထွက်ခွာသွားခဲ့ပါတယ်။ သင်တန်းကာလအတွင်း ထူးချွန်ပြောင်မြောက်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဆုလည်းရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ဂန်ဝန်ခရိုင် ချီယိုဝန်ကောင်တီက အမြှောက် တပ်မမှာ တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျတာကြောင့် အဲ့ဒီကိုထွက်ခွာသွားပါပြီ” ဟု ဂျီချန်ဝတ်ခ်နှင့် ပတ်သက်၍ သူ၏ပရိသတ်များကို အသိပေးခဲ့သည်။
ဂျီချန်ဝတ်ခ်သည် ပြီးခဲ့သော သြဂုတ်လ ၁၄ရက်နေ့က စစ်မှုထမ်းရန် စာရင်းပေးခဲ့ပြီး လာမည့် ၂၀၁၉ ခုနှစ် မေလ ၁၃ရက်နေ့မှသာ တာဝန်ပြီးဆုံးမည်ဖြစ်သည်။
Ref: Soompi