မြန်မာ-ဗီယက်နမ် နိုင်ငံရဲ့ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ တတိယအကြိမ်မြောက်ပြုလုပ်တဲ့ ပန်းချီပြပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ဝင်ကြေးအခမဲ့နဲ့ ပြုလုပ်နေပါတယ်။
ဒီပန်းချီပြပွဲမှာ မြန်မာပန်းချီဆရာ ၁၀ ယောက် ရဲ့ ပန်းချီကား၂၃ ကားနဲ့ ဗီယက်နမ်ပန်းချီဆရာ အယောက် ၂၀ ရဲ့ပန်းချီကား ၂၉ ကားကို စက်တင်ဘာ၁၇ ရက်နေ့ကနေ စက်တင်ဘာ ၂၂ ရက်နေ့အထိ ၇ ရက်ကြာ ပြသသွားမှာ ဖြစ်ပြီး စုစုပေါင်းပန်းချီ ၅၂ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။
ပန်းပွင့်၊ ပန်းအိုး၊ လူပုံပေါ့ထရိတ်၊ ဒေသများ၊ ဒေသ၊အဆောက်အအုံတွေကို နိုင်ငံ ယဉ်ကျေးမှုကိုယ်စီနဲ့ ရေးဆွဲထားပြီး ဗီယက်နမ်လက်ရာအငွေ့အသက်တွေကိုလည်း အဲဒီပန်းချီကားတွေမှာ တွေ့မြင်ရမှာပါ။
မြန်မာပန်းချီဆရာဦးအောင်သင်းဦး က ဗီယက်နမ်ပန်းချီဆရာတွေရဲ့လက်ရာ ယဉ်ကျေးမှုတွေနဲ့ အတွေးအေခါ်တွေကိုလေ့လာသိခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။
“ သူတို့ရဲ့ အတွေးတွေ၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ သိခွင့်၊ မြင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။
ဒီပန်းချီပြပွဲနှင့် ပတ်သက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုညာတက္ကသိုလ်မှ ပါမောက္ခဦးမြတ်ထွန်းအောင်က ပန်းချီးပြပွဲကို လာကြည့်တဲ့သူတွေအနေနဲ့အမြင်မတူတဲ့ပန်းချီတွေကို လေ့လာနိုင်မည်အပြင် နှစ်နိုင်ငံပန်းချီဆရာတွေရဲ့အားသားချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
“ ခေတ်ပြိုင်ပန်းချီဖက်မှာတော့ သူတို့က ကျွန်တော်တို့ထက် ပိုစောပြီးတော့ ရှေ့ရောက်တဲ့သဘော ရှိပါတယ်။ ကျွန်တော်တို့မြန်မာပန်းချီဆရာဖက်ကတော့ သရုပ်မှန်ကို ပိုအားသန်တာ များပါတယ်” လို့ ပါမောက္ခဦးမြတ်ထွန်းအောင်က သူ့အမြင်ကို ပြောပါတယ်။
ဒီပန်းချီပြပွဲကို နှစ်နိုင်ငံလုံးမှ ပန်းချီဆရာတွေကိုယ်တိုင် လာရောက်ပြသတာဖြစ်လို့ ပန်းချီပညာကို စိတ်ဝင်စားသူတိုင်း၊ ပန်းချီအနုပညာကို ချစ်မြတ်နိုးသူတိုင်း သွားရောက်သင့်ပါတယ်။