အီဂျစ်နိုင်ငံတွင်း အပူလှိုင်းကျရောက်လျက်ရှိရာ သုံးရက်အတွင်း သေဆုံးသူပေါင်း ၆၁ ဦးရှိသွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောပြီး အပူချိန် ၄၇ စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့် သြဂုတ် ၁၀ နှင့် ၁၁ ရက်တို့တွင် အပူရှပ်၍ သေဆုံးသူ ၄၀ရှိခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် နောက်ထပ် ၂၁ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ပြောသည်။
အပူဒဏ်ကြောင့် ဆေးရုံတက်ရောက်ရသူပေါင်း ၅၈၁ ဦးရှိသည်။
သေဆုံးသူအများစုမှာ အသက်ကြီးပိုင်းများဖြစ်ကြပြီး စိတ်ကျန်းမာရေးဆေးရုံတွင် ကုသမှုခံနေရသည့် ဝေဒနာရှင်တစ်ချို့လည်း သေဆုံးသည်ဟု ဒေသတွင်းမီဒီယာသတင်းများတွင် ဖော်ပြထားသည်။
ယင်းသို့ အပူလှိုင်းကျရောက်မှုကြောင့် လျှပ်စစ်ပြတ်တောက်မှုဖြစ်ရကြောင်း၊ မြို့တော်ကိုင်ရိုရှိ
မြေအောက်ရထားပြေးဆွဲမှုများ ရပ်တန့်နေရကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြောသည်။
ဇူလိုင်နှောင်းပိုင်းမှစတင်ကာ အပူလှိုင်းဖြစ်ပေါ်ပြီး ဒေသများစွာတွင် လေထုအပူချိန်မြင့်မားမှုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
Ref: BBC