သြဂုတ် ၂၅၊ စပိန် ။ ။ လက်ရှိဘောလုံးကမ္ဘာမှာ နာမည်အကြီးဆုံး အေးဂျင့်တစ်ဦးဖြစ်တဲ့ အေးဂျင့်ရွိုင်အိုလာက မက်ဆီကို ဘာစီလိုနာအသင်းကနေ စွန့်ခွာဖို့ အကြံပေးလိုက်ပါတယ်။
လက်ရှိမှာ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီထားပေမယ့် အခုအချိန်အထိ တရားဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။ ရွိုင်အိုလာက မက်ဆီအနေနဲ့ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ကြောင်းကို သက်သေပြဖို့ အခြားအသင်းသစ်တစ်သင်းကို ပြောင်းရွှေ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ရွိုင်အိုလာဟာ မက်ဆီရဲ့အေးဂျင့်မဟုတ်ပေမယ့် ပေါ့ဂ်ဘာ၊ လူကာကူ၊ မိုဗစ်တို့လို ကစားသမားတွေရဲ့အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။
“မက်ဆီလိုကစားသမားမျိုးက အခြားကလပ်အသင်း တစ်သင်းနဲ့ မတူညီတဲ့အတွေ့အကြုံတွေ ရှာရမှာပါ။ သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ကြောင်းကို အသင်းသစ်နဲ့ သက်သေပြသင့်ပါတယ်” လို့ ရွိုင်အိုလာက ဆိုပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ငါးကြိမ် ရရှိထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၉ ကြိမ်အထိ ရယူထားနိုင်သူ ဖြစ်ပါတယ်။
ရည်ညွှန်း ဆော်ကာဝေး