ရန်ကုန်၊ သြဂုတ်လ၂၁ ။ ။ အင်ဒိုနီးရှားအလံအား ဆီးဂိမ်းလက်ကမ်းစာရွက်တွင် ပြောင်းပြန်ဖော်ပြခဲ့သည့်အတွက် အင်ဒိုနီးရှား ဟက်ကာများက မလေးရှားအစိုးရဝက်ဘ်ဆိုက်များနှင့် တခြားသောဝက်ဘ်ဆိုက်များကို ယနေ့သြဂုတ်လ၂၁ ရက်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
မလေးရှား အစိုးရဝက်ဘ်ဆိုက်အချို့တွင် "Don't touch my country, Don't wake m from my sleep" ဟု ဖော်ပြထားပြီး မလေးရှားအလံအား ပြောင်းပြန်ကိုင်ဆောင်ထားသည့်ပုံအား တင်ထားခဲ့သည်။
"အလံဆိုတာ ကစားစရာမဟုတ်ဘူး"ဟု အင်ဒိုနီးရှားဘာသာစကားဖြင့် "BENDERA NEGARAKU BUKANLAH MAINAN" ဟု အဆိုပါဝက်ဘ်ဆိုက်အချို့တွင် ရေးသားခဲ့ပြီး မှားယွင်းဖော်ပြခဲ့သည့် အလံပါ လက်ကမ်းစာရွက်ပုံကိုပါ ဖော်ပြထားခဲ့သည်။
(၂၉)ကြိမ်မြောက်ဆီးဂိမ်းလက်ကမ်းစာရွက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနေသော မလေးရှားနိုင်ငံမှ အင်ဒိုနီရှားနိုင်ငံ၏ အလံကို ပြောင်းပြန်ထည့်သွင်းမိခဲ့ပြီး ထိုကိစ္စအတွက် ပြန်လည်တောင်းပန်ခဲ့ရသည်။
မလေးရှားအစိုးရဝက်ဘ်ဆိုက် ၂၂ ခု တိုက်ခိုက်ခံခဲ့ရပြီး ၀က်ဘ်ဆိုက် ရ၀ ကျော် တိုက်ခိုက်ခံခဲ့ရ သည်။
မလေးရှားအစိုးရဝက်ဘ်ဆိုက် ၂၂ ခု တိုက်ခိုက်ခံခဲ့ရပြီး ၀က်ဘ်ဆိုက် ရ၀ ကျော် ယနေ့ သြဂုတ် ၂၁ ရက်နေ့လည်ပိုင်းမှ စတင်အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ယခုညပိုင်းအချိန်ထိ အဟက်ခံထားရဆဲ ဖြစ်သည်။