ပြင်သစ်ကွင်းလယ်လူ မက်တူဒီဟာ ပီအက်စ်ဂျီအသင်းနဲ့ ၆ နှစ်တာ လက်တွဲပြီးနောက် ဂျူဗင်တပ်စ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်ကြောင်း ကလပ်နှစ်သင်းက သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။
အသက် ၃၀ အရွယ် ကစားသမားဟာ အီတလီကလပ်နှင့် တူရင်မှာ ၃ နှစ် စာချုပ်ခဲ့ပြီး မက်တူဒီအတွက် ယူရိုသန်း ၂၀ ပေးချေမယ့်အပြင် အပိုဆုကြေး ယူရို ၁၀.၅ သန်းကျောလည်း ပေးဖို့ရှိပါတယ်။
ပြင်သစ်လက်ရွေးစင်အတွက် (၅၈)ပွဲကစားထားတဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လက မက်တူဒီဟာ စိန့်အက်တီယန်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပွဲ(၃၀၀)နီးပါး ကစားကာ (၃၃)ဂိုး သွင်းယူပေးခဲ့ပါတယ်။
မက်တူဒီဟာ ပီအက်စ်ဂျီအသင်း ကစားသမားဘဝမှာ လီဂူ ၁ အမှတ်ပေးဖလား ၄ ကြိမ်နှင့် ပြင်သစ်ဖလား ၃ ကြိမ်အပါအဝင် ဆုဖလား (၁၁) ကြိမ်အထိ ရရှိခဲ့ပါတယ်။
Ref; AFP