ရန်ကုန်၊ ဇူလိုင်၁၄ ။ ။ ချပ်သင်းကျေးရွာအုပ်စုမှ ဆရာဝန်အား လူမှုကွန်ရက်မီဒီယာ ဖေ့စ်ဘုတ်တွင် ဂုဏ်သိက္ခာကျဆင်းစေခဲ့သည့်အပေါ် ဘော်ဒါမှဆရာ(၃)ဦမှ ပြန်လည်တောင်းပန်ပွဲတစ်ခုကို သြဂုတ်လ(၁၄)ရက် နေ့လည်၂နာရီ၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအုပ်စုရှိ ဆေးရုံတွင် ဆေးဝါးမလုံလောက်သည့်ကိစ္စနှင့်ပတ်သက်၍ ဘော်ဒါမှဆရာများလာရောက်ပြောဆိုခဲ့ပြီး Liveလွှင့်ခဲ့သည်မှာ မရည်ရွယ်ဘဲ ဂုဏ်သိက္ခာကျဆင်းစေခဲ့သဖြင့် ပြန်လည်တောင်းပန်ကြောင်း ဘော်ဒါဆရာတစ်ဦးမှပြောကြားခဲ့သည်။
အဆိုပါ တောင်းပန်ပွဲသို့ ချပ်သင်းကျေးရွာအုပ်စုမှ ရွာသူ၊ရွာသား၁၅၀လာရောက်ကြည့်ရှု့ခဲ့ကြသည်။
"သူတို့ကတော့ တောင်းပန်သွားတယ် အေးအေးဆေးဆေးပြေပြလည်လည် ဖြစ်သွားတာပါပဲ"ဟု ချပ်သင်းကျေးရွာအုပ်စုမှမှ ကျေးရွာမှူး ဦးအုန်းလွင်ကပြောပြသည်။
ဖြစ်စဉ်မှာ ချပ်သင်းကျေးရွာရှိဘော်ဒါတစ်ခုမှ ကျောင်းသားများ ညအချိန်နေမကောင်း၍ ချပ်သင်းဆေးရုံသို့ လာရောက်ပြသရာ ဆရာဝန်ရှိမနေခဲ့ကြောင်း၊ အခြားအချိန်များတွင် ဆေးရုံသို့လာရောက်ရာတွင်လည်း ဆေးရုံမှ ဆေးဝါးမရှိကြောင်းပြောကြားကာ ဆေးခန်းသို့သွားစေကြောင်းတို့ ဖြစ်ခဲ့သည်။
ထို့ကြောင့် အဆိုပါဘော်ဒါမှ ဆရာ(၃)ဦးတို့သည် ဆေးရုံှသို့သွားရောက်ပြီး ဆေးဝါးလုံလောက်မှုမရှိကြောင်း၊ ဆရာဝန်အချိန်ပြည့်မရှိသည့်အကြောင်းတို့ကို ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းများအား မေးမြန်းကာ ဖေ့စ်ဘုတ်ပေါ်၌ LIVEရိုက်ကူးခဲ့သည်။
Liveလွှင့်ရာတွင် ဘော်ဒါမှဆရာများ၊ ချပ်သင်းဆရာဝန်နှင့် ကျေးရွာသားများ အပြန်အလှန်ပြောဆိုမှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာသားများနှင့် ကျေးရွာလူကြီးများမှ ဘော်ဒါဆရာ(၃)ဦးကို ဆရာဝန်အား ပြန်လည်တောင်းပန်စေခဲ့ခြင်းဖြစ်သည်။