စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၅ဦးက ၎င်းတို့ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်မခံရဘဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်သာ ရွေးချယ်သည့်အတွက် သြဂုတ် ၉ရက်က နုတ်ထွက်လိုက်သည်ဟု ခန္တီးခရိုင် အင်အန်လ်ဒီ ဥက္ကဋ္ဌ ဒေါ်ဆယ်ဆယ်နောင်က မဇ္ဈိမကို ပြောသည်။
ခန္တီးခရိုင်အတွင်းရှိ ရွာသုံးရွာမှ ပါတီဝင် ၃၇၅ဦးက သြဂုတ် ၈ရက်က ထွက်စာတင်ကာ ယနေ့ နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။