ဆွစ်ဇာလန်က ကမ္ဘာ့အရှည်ဆုံး လူကူးကြိုးတံတား

ဆွစ်ဇာလန်က ကမ္ဘာ့အရှည်ဆုံး လူကူးကြိုးတံတား

ဇူးရစ်၊ ဇူလိုင် ၃၁ ။             ။ ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာ့အရှည်ဆုံး လူကူးကြိုးတံတားအား ဇူလိုင် ၃၀ ရက်က စတင်ဖွင့်လှစ်သည်။

Europabruecke ဟု အမည်ပေးထားသော အဆိုပါ တံတားကို သီတင်းဆယ်ပတ်ကြာ တည်ဆောက်ခဲ့ပြီး အရှည် ၁၆၂၀ ပေရှိကာ Grabengufer လျှိုအထက် အမြင့် ၂၇၈ ပေတွင် တံတားထိုးထားခြင်းဖြစ်သည်။

တံတားခင်းအနေဖြင့် ၂၅ လက်မကျော်မျှသာ အကျယ်ရှိသည်။

တံတားဟောင်းက ကျောက်တုံးကျောက်ခဲပြိုကျခြင်းကြောင့် ပျက်စီးသွားရာမှ ယခုတံတားကို အသစ်တည်ဆောက်ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။

လမ်းလျှောက်ခရီးစဉ် သွားလာသည့် ဧည့်သည်များကြား ရေပန်းစားသော နှစ်ရက်တာ ခရီးစဉ်ဖြစ်သည့် Grachen နှင့် Zermatt ကြား ဆုံမှတ်နေရာနှစ်ခုကို ချိတ်ဆက်သည့် တံတားလည်းဖြစ်သည်။

ပေအမြင့်တွင် ရှိသော ယင်းတံတားက အမြင့်မကြောက်တတ်သူများအတွက်သာ သွားလာဖို့ကောင်းသည်ဟု ဒေသတွင်း ခရီးသွားအဖွဲ့က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly