မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ဗုံးကြဲလေယာဉ်တွေ အင်အားပြပျံသန်း

မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ဗုံးကြဲလေယာဉ်တွေ အင်အားပြပျံသန်း

ဇူလိုင် ၃၁ ။                  ။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးစမ်းသပ်ပစ်လွှတ်ခဲ့တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ တင်းမာမှုတွေရှိနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ ဇူလိုင် ၂၉ ရက်က မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကို ပျံသန်းစေခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်လေတပ်တို့က တိုက်ခိုက်ရေးဂျက်လေယာဉ်တွေခြံရံပြီး အမေရိကန် B-1B ဗုံးကြဲလေယာဉ်တွေဟာ ဆယ်နာရီကြာမြင့်ခဲ့တဲ့ မစ်ရှင်အတွင်း ပါ၀င်ပျံသန်းခဲ့ကာ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တပ်တွေအကြား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကိုတော့ ယခုနှစ်အတွင်း မြောက်ကိုရီးယားတို့ ဘက်က ဒုတိယတိုက်ချင်းပစ်ဒုံးစမ်းသပ်ခဲ့ပြီးပြီးချင်းနောက်ပိုင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

" မြောက်ကိုရီးယားက ခုချိန်မှာ ဒေသအတွက် အကြီးဆုံးခြိမ်းခြောက်သူအဖြစ် ဆက်ရှိနေပါတယ်၊ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့အနေနဲ့ တုန့်ပြန်မှု မြန်မြန်ဆန်ဆန် လုပ်ဖို့ အသင့်ရှိနေပါတယ်" လို့ ပစိဖိတ်လေတပ် တပ်မှူး ဗိုလ်ချုပ်ကြီး Terrence O'Shaughnessy က ပြောပါတယ်။

ယင်းမတိုင်မီကလည်း ဒေသတွင်း မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်လာနေမှုကို ကိုင်တွယ်ထိန်းသိမ်းဖို့ ပျက်ကွက်နေခဲ့တယ်ဆိုပြီး အမေရိကန်သမ္မတ ထရမ့်ကလည်း တရုတ်အစိုးရကို တွစ်တာကနေတဆင့်ပြစ်တင်ပြောကြားထားခဲ့ပါသေးတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly