သထုံ၊ ဇူလိုင်၊ ၃၁ ။ ။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီ ကျိုက္ကော်ချောင်း၌ ဇူလိုင် ၃၁ နံနက် ၉းဝဝနာရီတွင် ကြက်သေ ၁၄ကောင် မျှောလာကြောင်း သိရပြီး အဆိုပါကြက်များမှာ ကြက်တုပ်ကွေး ဖြစ်ပွားနေသည်ဟု ယူဆရကြောင်း သိရသည်။
အဆိုပါ မျောပါလာသည်ကို တွေ့ရှိရသော တာဝန်သိ ဒေသခံပြည်သူတစ်ဦးက ကျေးရွာအုပ်ချုပ်ရေုမှူးရုံးသို့ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။
သတင်းအရ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ စည်ပင်ဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါက်တာစိုးခိုင်တို့ သွားရောက်စစ်ဆေးရာ ကျိုက္ကော် ဒင်္ဂ ါးဆိပ် ဒေဝီသခင်မချောင်းတွင် မွေးမြူရေးကြက် ၁၃ကောင်နှင့် အိမ်မွေးကြက် ၁ကောင်တို့ကို ချောင်းတွင် သေလျက်မျှောပါနေကြောင်းတွေ့ရှိရသည်။
အဆိုပါ ကြက်များကို ချက်ချင်းဆယ်ယူ မီးရှို့ရှင်းလင်းခဲ့ပြီး ကြက်ငှက်တုပ်ကွေးဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။
"အဲဒီ ကြက်သေ ၁၄ကောင်ကို ကျွန်တော်တို့ မြေမြှုပ်မီးရှို့လိုက်ပါပြီ။အဲ့ဒီ ကြက်တွေဟာ ကြက်တုပ်ကွေးကြောင့် သေခဲ့တဲ့ကြက်တွေလို့ တိမွေးကုကပြောပါတယ်။ အခုလို H1N1နဲ့ အထိတ်တလန့် ဖြစ်နေကြချိန်မှာ ကိိုယ့် ကိစ္စကိုယ် တာဝန်မယူဘဲ လက်လွတ်စပယ်ချောင်းထဲ မျှောချလိုက်တာကတော့ လုံးဝကို မဖြစ်သင့်ဘူးလေ။ ဒါကို ကျွန်တော်တို့ အသိအမြင်ဖွင့်ပညာပေး လုပ်ငန်းတွေနဲ့ အရေးယူဆောင်ရွက်မှုလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ ဖြစ်တည်စေတဲ့ အကြောင်းတစ်ခုပါပဲ"ဟု ကျိုက္ကော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးစိုက ပြောသည်။