ဂျာမနီက ဒစ္စကိုနိုက်ကလပ်တွင် အီရတ်တစ်ဦး ရိုင်ဖယ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ နှစ်ဦးသေဆုံး

ဂျာမနီက ဒစ္စကိုနိုက်ကလပ်တွင် အီရတ်တစ်ဦး ရိုင်ဖယ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ နှစ်ဦးသေဆုံး

ဘာလင်၊ ဇူလိုင် ၃၁ ။           ။ ဂျာမနီနိုင်ငံတောင်ပိုင်းက ဒစ္စကိုနိုက်ကလပ်တစ်ခုအတွင်း ဇူလိုင် ၃၀ ရက် အစောပိုင်းက အချင်းများမှုဖြစ်ပွားပြီးနောက် အီရတ်တစ်ဦးသည် M16 အော်တိုရိုင်ဖယ်ကိုင်လျက် ဝင်ရောက်ပစ်ခတ်ရာ ကလပ်ထိန်းတစ်ဦး သေဆုံးပြီး လူလေးဦး ဒဏ်ရာရသည်။

ရဲက ယင်းသို့ ရိုင်ဖယ်ဖြင့် ပစ်ခတ်သည့် အီရတ်ကို ပြန်လည် ပစ်ခတ်သုတ်သင်လိုက်ရသည်။

အသက် ၃၄ နှစ်ရှိ တိုက်ခိုက်သူ အီရတ်သည် ရဲများ ပစ်ခတ်ခံရ၍ ဒဏ်ရာပြင်းရပြီး ဆေးရုံတွင် ကုသစဉ် သေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“အစ္စလာမ်အစွန်းရောက် ဒါမှမဟုတ် အကြမ်းဖက်အုပ်စုတွေ နောက်ကွယ်က ပါဝင်တာမျိုး မရှိပါဘူး။”ဟု ကလပ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရှေ့နေတစ်ဦးဖြစ်သည့် ဂျိုဟန်နက်စ်ဂေါရော့ရှ်က ပြောသည်။

“ပုဂ္ဂိုလ်ရေး အချင်းများတာကနေ ဖြစ်တဲ့ ပစ်ခတ်မှုပါပဲ။”ဟု ၄င်းက ဆိုသည်။

အဆိုပါ အီရတ်အမျိုးသားသည် ၁၉၉၁ ခုနှစ်က စပြီး ဂျာမနီတွင် နေထိုင်ပြီး နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူဖြစ်သည်။

၄င်းသည် ယင်းကလပ်ပိုင်ရှင်၏ သားမက်ဖြစ်ပြီး ယခင်ကလည်း ဆိုးဆိုးဝါးဝါး သွေးထွက်သံယိုဖြစ်အောင် တိုက်ခိုက်မှုအပါအဝင် ပြစ်မှုများ ရှိထားသူအဖြစ် ရဲမှတ်တမ်းဝင်သူတစ်ဦးဖြစ်သည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly