ဗင်နီဇွဲလားတွင် လွှတ်တော်သစ်ဖွဲ့စည်းရေး ရွေးကောက်ပွဲမဲပေးမှု၌ အကြမ်းဖက်မှုများဖြစ်၍ လူ ၁၀ ဦး သေဆုံး

ဗင်နီဇွဲလားတွင် လွှတ်တော်သစ်ဖွဲ့စည်းရေး ရွေးကောက်ပွဲမဲပေးမှု၌ အကြမ်းဖက်မှုများဖြစ်၍ လူ ၁၀ ဦး သေဆုံး

ကရာကတ်၊ ဇူလိုင် ၃၁ ။             ။ ဗင်နီဇွဲလားနိုင်ငံတွင် အငြင်းပွားဖွယ် လွှတ်တော်သစ် ခေါ်ယူဖွဲ့စည်းရေး ရွေးကောက်ပွဲမဲပေးမှုကို အကြမ်းဖက်ဆန့်ကျင်ပြီး ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးကြောင်း သိရသည်။

သေဆုံးသူများတွင် အတိုက်အခံဖက်က လူငယ်ခေါင်းဆောင်၊ အစိုးရထောက်ခံသော လွှတ်တော်အမတ်နှင့် စစ်သားတစ်ဦးတို့ ပါဝင်သည်။

ဗင်နီဇွဲလား အစိုးရသည် ဖွဲ့စည်းပုံဥပဒေအား ပြန်လည်ရေးသားနိုင်သည့် အာဏာနှင့် ကွန်ဂရက်ကို အုပ်စီးနိုင်မည့် အာဏာဖြည့်ဆည်းထားသော မဲဆန္ဒရှင်လွှတ်တော်သစ် ခေါ်ယူဖွဲ့စည်းရေးကို လိုလားနေသည်။

ယင်းလုပ်ရပ်က သမ္မတ နီကိုလပ်မာဒူရို၏ အာဏာအပိုင်ချုပ်ကိုင်ခြင်းပဲဖြစ်သည်ဟု အတိုက်အခံများက ပြောကာ မဲပေးမှုအား သပိတ်မှောက်လျက်ရှိကြခြင်းဖြစ်သည်။

အတိုက်အခံများ ထိန်းချုပ်သည့် အမျိုးသားလွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေး လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်နေကာ လများစွာ ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကို   ပြန်လည်ထိန်းသိမ်းနိုင်ရေး တစ်ခုတည်းသော လမ်းကြောင်းမှာ မဲဆန္ဒရှင်လွှတ်တော် ဖွဲ့စည်းခေါ်ယူရေးသာဖြစ်ကြောင်း သမ္မတ မာဒူရိုက ပြောသည်။

ယခု ရွေးကောက်ပွဲ မဲပေးမှုသည် သမ္မတ မာဒူရိုက ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲနိုင်မည့် အာဏာရှိမည်ဖြစ်သော မဲဆန္ဒရှင်လွှတ်တော်ဖြင့် လက်ရှိ အမျိုးသားလွှတ်တော်အား အစားထိုးနိုင်လိမ့်မည်   ဖြစ်သည်။

ရွေးကောက်ပွဲမဲပေးမှု ရလဒ်ကို လာမည့်အချိန်နာရီပိုင်းတွင် သိရဖွယ်ရှိသည်။
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly