ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ခဲ့သည်ကို လုံးလုံးလွတ်မြောက်မှု အထိမ်းအမှတ် အဖြစ်မြောက်ကိုရီးယားနိုင်ငံက အချိန်ဇုန်သစ်ကို သတ်မှတ်မည်ဖြစ်ကြောင်းနိုင်ငံ ပိုင်မီဒီယာ တွင် ဖော်ပြထားသည်။
လက်ရှိ မြောက်ကိုရီးယားအချိန်သည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့နှင့် အတူတူပင်ဖြစ်ကြပြီး ဂရင်းနစ်စံတော်ချိန်ထက် ကိုးနာရီစောသည့် အချိန်သတ်မှတ်မှုဖြစ်ကြသည်။
သို့သော် မြောက်ကိုရီးယားနိုင်ငံက ယင်းသို့ အချိန်တစ်ချိန်တည်း ထပ်တူခြင်းကို မသုံးစွဲတော့ပဲ သြဂုတ် ၁၅ ရက်မှစကာ အချိန် နာရီဝက် စောကာ ၎င်း၏ အချိန်ဇုန်သစ်ကို သတ်မှတ်မည်ဖြစ်သည်။
ဂျပန်သိမ်းပိုက်ခံရစဉ် ကိုရီးယားကျွန်းဆွယ်၏ အချိန်ကို ပြောင်းလဲကာ ဂျပန်နှင့် တစ်ထပ်တည်းသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကျုးကျော်မှုကို အဆုံးသတ်ပစ်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာန ကဖော်ပြသည်။
ယခင်တစ်နိုင်ငံတည်းအဖြစ်ရှိခဲ့သည့် ကိုရီးယားကျွန်းဆွယ်သည် ၁၉၁၀ ခုနှစ် ဂျပန်အသိမ်းပိုက်ခံဘဝ မကျရောက်မီက ဂရင်းနစ်စံတော်ချိန်ထက် ၈နာရီခွဲ ပိုစောသည့် အချိန်ဇုန်ရှိခဲ့ခြင်းဖြစ်သည်။
"ယခုကဲ့သို့ အချိန်ဇုန်ပြောင်းလဲသတ်မှတ်ခြင်းသည် ကိုရီးယားလွတ်လပ်ရေး နှစ် ၇၀ မြောက် ပြည်သူတို့၏ ဆန္ဒများနှင့် ခိုင်မြဲသည့် သစ္စာတရားကြောင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း" KCNA သတင်းဌာနက ဖော်ပြသည်။
Ref: BBC