ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ မော်စကိုမှာ အမေရိကန်သံတမန်ဦးရေ လျှော့ဖို့ ရုရှ ညွှန်ကြား

ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ မော်စကိုမှာ အမေရိကန်သံတမန်ဦးရေ လျှော့ဖို့ ရုရှ ညွှန်ကြား

ဇူလိုင် ၂၈ ။             ။ လက်ရှိအချိန်မှာ အမေရိကန်ဘက်က အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ဖို့ လုပ်ဆောင်နေတာကို လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှနိုင်ငံက အမေရိကန်သံရုံးမှာ ရှိရမယ့် သံတမန်တွေနဲ့ ၀န်ထမ်းအရေအတွက်ကို လျှော့ချဖို့ ၀ါရှင်တန်အာဏာပိုင်တွေဘက်ကို မော်စကိုအစိုးရက အကြောင်းကြားလိုက်ပါတယ်။

မိမိတို့နိုင်ငံမှာ ရှိရမယ့် အမေရိကန်သံရုံးဝန်ထမ်း အရေအတွက်ကို ၄၅၅ ဦးထိ လျှော့ချရမှာဖြစ်ပြီး အဆောက်အအုံတစ်ချို့ အသုံးပြုခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ရုရှအစိုးရက ထုတ်ပြန်လာပါတယ်။

ဇူလိုင် ၂၇ ရက်က မိမိတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့ဖို့ ကန်အထက်လွှတ်တော်က တစ်ခဲနက် အတည်ပြုလိုက်မှုအပေါ် ပြန်လက် တုန့်ပြန်တဲ့အနေနဲ့ ယခုလို လုပ်ဆောင်ရတာဖြစ်ကြောင်း ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ အရေးယူပိတ်ဆို့မှု မူကြမ်းကတော့ လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတည်ပြုလက်မှတ်ထိုးဖို့ပဲ ကျန်နေတော့တာဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း အဆိုပါ အမေရိကန်တို့ရဲ့ ရုရှဆန့်ကျင်ရေး အပြုအမှုလုပ်ရပ်တွေအပေါ် ရုရှသမ္မတ ဗလာဒီမာ ပူတင်က ရှုတ်ချသွားခဲ့ပြီး မိမိတို့ အစိုးရအနေနဲ့ မည်သည့်နည်းနဲ့မျှ သည်းခံသွားမှာမဟုတ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly