ဘာစီလိုနာဘူတာရုံက မီးရထားမတော်တဆမှု လူပေါင်း ၄၈ ဦးထိ ဒဏ်ရာရ

ဘာစီလိုနာဘူတာရုံက မီးရထားမတော်တဆမှု လူပေါင်း ၄၈ ဦးထိ ဒဏ်ရာရ

ဇူလိုင် ၂၈ ။                    ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့က ဘူတာရုံတစ်ခုမှာ ဇူလိုင်လ ၂၈ ရက်က မီးရထားတစ်စီး အရှိန်မထိန်းနိုင်ဘဲ Buffer တုံးတွေကို ၀င်တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၄၈ ဦးလောက် ထိခိုက်ဒဏ်ရာတွေ အသီးသီး ရရှိသွားကြတယ်လို့ သိရပါတယ်။

 ၎င်းထဲက ငါးဦးကတော့ အခြေအနေစိုးရိမ်ရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ မတော်တဆမှုဟာ မနက်ပိုင်း ရုံးတက်ရုံးဆင်းအသွားအလာများပြားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းတွေအရ အဆိုပါ လူစီးရထားဟာ ဘူတာရုံထဲ အဝင်မှာ ဘရိတ်မအုပ်ခဲ့ဘူးလို့သိရပြီး ယင်းနောက် ပလက်ဖောင်းမှာ ခံထားတဲ့ buffer တုံးတွေကို ၀င်တိုက်မိခဲ့တာလို့လည်း သိရပါတယ်။

ယင်း ရထားကတော့ Sant Vicenc de Calders ရွာကနေ ကနေ ထွက်ခွာလာတာဖြစ်ပြီး ဘာစီလိုနာမြို့က francia  ဘူတာရုံကို ၀င်ရောက်လာချိန်မှာ ခုလို မတော်တဆမှုနဲ့ ကြံုတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly