ရီးယဲလ်နောက်ခံလူ ဒန်နီလိုကို ပြောင်းရွှေ့ကြေးပေါင် ၂၆.၅ သန်းဖြင့် မန်စီးတီးခေါ်ယူ

ရီးယဲလ်နောက်ခံလူ ဒန်နီလိုကို ပြောင်းရွှေ့ကြေးပေါင် ၂၆.၅ သန်းဖြင့် မန်စီးတီးခေါ်ယူ

မန်စီးတီးအသင်းသည် ရီးယဲလ်အသင်းမှ ဘရာဇီးနောက်ခံ ကစားသမားဒန်နီလိုကို ပြောင်းရွှေ့ကြေးပေါင်(၂၆ .၅)သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဘီဘီ စီသတင်းစာက ဖော်ပြခဲ့သည်။

အသက်(၂၆)နှစ်အရွယ်ရှိ နောက်ခံလူဒန်နီလိုသည် မန်စီးတီးနှင့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အမေရိကန်တွင် ရာသီကြိုခြေ စမ်းပွဲများ သွားရောက်ကစားနေသည့် နည်းပြဂွါဒီယိုလာ၏ အသင်းနှင့် လာမည့်အပတ်တွင် ပူးပေါင်းမည် ဖြစ်သည်။

မန်စီးတီးအသင်းနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်တွင် ဒန်နီလိုက ''မန်စီးတီးအသင်းကို ပြောင်းရွှေ့နိုင်လို့ အရမ်းပျော်ပါ တယ်။ အခြားကလပ်အသင်းတွေ ကလည်း စိတ်ဝင်စားနေပေမယ့် ကျွန်တော်က ဂွါဒီယိုလာရဲ့လက်အောက်မှာကစားဖို့ ရည်မှန်းချက်ရှိခဲ့တဲ့သူပါ။ မန်စီးတီးက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ သိလိုက်ရတာနဲ့ ချက်ချင်းပဲ ကျွန်တော် မန်စီးတီးကစားသမား ဖြစ်ချင်ခဲ့ပါတယ်။ မန်စီးတီးအသင်းနှင့်အတူ ဘောလုံးကစားဖို့ မစောင့်နိုင်တော့ပါဘူး။ လာမယ့် အပတ်မှာ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံမှာပါ''ဟု ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းသည် ဒန်နီလိုကို ခေါ်ယူနိုင်ခဲ့သည့်အပြင် မိုနာကိုအသင်း၏ ဘယ်နောက်ခံကစားသမား ဘင်ဂျမင်မန်ဒီကိုလည်း ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု ဘီဘီစီသတင်းစာက ဖော်ပြခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags