ဇူလိုင် ၂၁၊ အမေရိကန် ။ ။ အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲသည် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်နှင့်ကော်စတာရီကာ၊ မက္ကဆီကိုနှင့်ဂျမေကာတို့ တွေ့ဆုံလျက်ရှိနေကြသည်။
ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းက ကစားခဲ့ကြသည့် ကွာတားဖိုင်နယ်ဒုတိယနေ့ပွဲစဉ်များတွင် မက္ကဆီကိုအသင်းက ဟွန်ဒူးရပ်စ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂျမေကာအသင်းက ကနေဒါအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဇူလိုင်လ ၂၀ ရက်က ကစားခဲ့ကြသော ကွာတားဖိုင်နယ်ပွဲစဉ်များတွင်မူ အိမ်ရှင် အမေရိကန်အသင်းက အယ်လ်ဆာဗေးဒိုးအသင်းကို ၂-၀ ဂိုးဖြင့် နိုင်ခဲ့ပြီး ကော်စတာရီကာအသင်းက ပနားမားကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
အမေရိကန်နှင့် ကော်စတာရီကာတို့၏ ဆီမီးဖိုင်နယ် ပထမပွဲစဉ်ကို ဇူလိုင် ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၈း၃၀ တွင် ကစားမည်ဖြစ်ပြီး မက္ကဆီကိုနှင့် ဂျမေကာတို့၏ပွဲမှာ ဇူလိုင် ၂၄ ရက် နံနက် ရး၃၀ တွင် ကစားမည် ဖြစ်သည်။
ယခုကျင်းပပြုလုပ်လျက်ရှိသည့် ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲသည် ၁၄ ကြိမ်မြောက် ကျင်းပသည့်ပြိုင်ပွဲဖြစ်သည်။ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းမှာ မက္ကဆီကိုအသင်းဖြစ်ပြီး ရ ကြိမ်ဗိုလ်စွဲထားသည်။ မက္ကဆီကိုအသင်းမှာ လက်ရှိချိန်ပီယံအသင်းလည်း ဖြစ်သည်။
ပြိုင်ပွဲကျင်းပခဲ့သည့် ၁၄ ကြိမ်တွင် မက္ကဆီကိုအသင်းက ရ ကြိမ်၊ အမေရိကန်အသင်းက ၅ ကြိမ်နှင့် ကနေဒါအသင်းက ၁ ကြိမ် ဗိုလ်စွဲထားသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း