ခွင်​့ပြုမိန်​့မကျသေး၍ ဘတ်​စ်​ကားအသစ်​များ ပြေးဆွဲနိုင်ဦးမည်မဟုတ်သေး

ခွင်​့ပြုမိန်​့မကျသေး၍ ဘတ်​စ်​ကားအသစ်​များ ပြေးဆွဲနိုင်ဦးမည်မဟုတ်သေး

ရန်​ကုန်​၊ဇူလိုင်​၂၀ ။        ။ ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် စီးတီးဘတ်​စ်​သစ်များ ပြေးဆွဲမည်​အစီစဉ်​ကို ဝန်​ကြီးချုပ်​၏ ခွင်​့ပြုမိန်​့ မကျ​သေး၍ ​​ပြေးဆွဲနိုင်​ဦးမည်​ မဟုတ်​​သေးကြောင်း YUPT ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်​က ဆိုသည်​။

"မ​ပြေးဖြစ်​ဘူး။ ခွင်​့ပြုမိန်​့မထွက်​လာ​သေးဘူး၊ တင်​ထားတုန်​းပဲ"ဟု ရန်​ကုန်​မြို့ပြ အများပိုင်​သယ်​ယူပို့​ဆောင်​​ရေးကုမ္ပဏီ(YUPT)မှ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်​က​ မဇ္ဈိမသို့ ပြောသည်။

YUPT ကုမ္ပဏီပိုင်​ယာဉ်​လိုင်​းများတွင်​ စီးတီးဘတ်​စ်​အသစ်​ အစီး ၅၀၀ ဖြင်​့ ယ​နေ့ ဇူလိုင်​လ၂၀ရက်​​နေ့၌ စတင်​​ပြေးဆွဲရန်​ လျာထား​သော်​လည်​း ရန်​ကုန်​တိုင်​း​ဒေသကြီး​ သယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်​ကွပ်​ကဲမှုအာဏာပိုင်​အဖွဲ့မှ နာယကဦးဖြိုးမင်​းသိန်​း၏ ခွင်​့ပြုချက် ​မရရှိ​သေးသဖြင်​့ မ​ပြေးဆွဲနိုင်​​သေးခြင်​းဖြစ်​သည်​။

တရုတ်​နိုင်ငံထုတ် ကားများဖြစ်သည့် နှစ်နိုင်ငံ အစိုးချရချင်​း ချိတ်​ဆက်​ဝယ်​ယူထား​သော Yutongနှင်​့ Ankai စီးတီးဘတ်​စ်​ကားအသစ် အစီးတစ်​​ထောင်​ကို ရန်​ကုန်​မြို့ပြအများပိုင်​းသယ်​ယူပို့​ဆောင်​​ရေး(YUPT)နှင်​့ ရန်​ကုန်​ဘတ်​စ်​ကားအများနှင့် သက်​ဆိုင်​​သောကုမ္ပဏီ(YBPC)တို့ကို အစီး ၅၀၀စီ ရန်​ကုန်​တိုင်​းအစိုးရအဖွဲ့မှ ထည့်သွင်​း​ပေးထားသည်​။

အကယ်၍ ခွင့်ပြုချက် ရပါက YUPT ပိုင်​ YBS ၃၊ ရ၊ ၂၈၊ ၃၆၊ ၆၅ တို့တွင် ကားသစ် ၅၀၀ ကို ယနေ့မှ စ၍ ထည့်သွင်းပြေးဆွဲမည် ဖြစ်သည်။

ယင်းကုမ္ပဏီပိုင် ယာဉ်လိုင်း ၂၁ လိုင်း ရှိပြီး မြို့တွင်​းပတ်​၅၈ယာဉ်​လိုင်​းအပါအဝင် ​ဝါစိမ်​းနီကားကြီးများဖြင်​့​ ပြေးဆွဲ​ပေး​နေသော ကုမ္ပဏီဖြစ်သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags