ရန်ကုန်၊ဇူလိုင်၁၉ ။ ။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေရာ ယမန်နေ့ ဇူလိုင်၁၈ရက်နေ့က ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာဦးအေးကိုကိုက အတည်ပြု ပြောကြားလိုက်သည်။
"ဆင်းသွားပြီ မနေ့ကတည်းက၊ ခွဲစိတ်ကုသအောင်မြင်တယ် ဆက်ကြည့်ဖို့ပဲ"ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ဒေါက်တာဦးအေးကိုကိုက ပြောသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်း၌ တောင်ကလေးဆရာတော်မွေးနေ့သို့ သွားရာလမ်းတွင် ၎င်းစီးနင်းလာသည့်ကားမှာ စက်ချို့ယွင်း၍ သစ်ပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
ယင်း ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ဘယ်ဘက်ခြေထောက်မှ အရိုးနှစ်ချောင်းကျိုးသွားခဲ့ပြီး အဆိုပါခြေထောက်အတွက် ဇူလိုင် ၁၅ ရက်မနက် ၉နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ခွဲစိတ်မှုပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ခွဲစိတ်မှုပြုလုပ်ထားခြင်းကြောင့် လမ်းလျှောက်နိုင်ဦးမည်မဟုတ်ဘဲ ဝီးချဲလ်ဖြင့်သာ သွားလာနိုင်မည်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ဇူလိုင် ၁၄ ရက်နေ့တွင် ယာဉ်မတော်တဆှုဖြစ်ပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ဘားအံဆေးရုံသို့ပို့ဆောင်ခဲ့သည်။
ဘားအံဆေးရုံကြီးတွင်စမ်းသပ်စစ်ဆေးမှုအရ နှလုံးအခြေအနေအား စိတ်ချနိုင်စေရန် ဇူလိုင်လ၁၄ရက်တွင် ရန်ကုန်ဆေးရံကြီးသို့ လွှဲပြောင်းကုသခဲ့သည်။
ရန်ကုန်ဆေးရံကြီးမှ ရေးဂါအခြေအနေပေါ်မူတည်ပြီး NlDနာယက သူရဦးတင်ဦးကဲ့သို့ပင် ဆေးဝါးကုသရေးကော်မတီဖွဲ့ကုသပေးခဲ့သည်။
ရန်ကုန်ဆေးရုံကြီး နှလုံးကုသအဆောင်တွင် ဇူလိုင် ၁၄ ရက် ညနေမှ ဇူလိုင် ၁၈ ရက်အထိ ၅ရက်ကြာကုသမှုခံယူခဲ့ပြီး ဆေးရုံမှဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။