ရန်​ကုန်​တိုင်​းဝန်​ကြီးချုပ်​၏​ ပြောကြားချက်​မှာ တပ်​မ​တော်​ကို​ တိုက်ရိုက်စော်​ကားခြင်​းဟု တပ်မတော်ယူဆ

ရန်​ကုန်​တိုင်​းဝန်​ကြီးချုပ်​၏​ ပြောကြားချက်​မှာ တပ်​မ​တော်​ကို​ တိုက်ရိုက်စော်​ကားခြင်​းဟု တပ်မတော်ယူဆ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားများသည် တပ်မတော်အကြီးအကဲနှင့် တပ်မတော်ပုံရိပ်ကို ကျဆင်းစေရန် တပ်မတော်အား တိုက်ရိုက် ထိပါးစော်ကားခြင်းဟု တပ်မတော်ကယူဆနေသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပြည်ပနိုင်ငံသို့ချစ်ကြည်ရေးခရီး သွားရောက်နေချိန်တွင် တပ်မတော်၏ အကြီးအကဲ၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲအား တိုက်ရိုက်ပုတ်ခတ် ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇူလိုင် ၁၂ရက် ညက ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးဦးတည်ချက်ကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြား၊ ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲဖြစ်လာစေနိုင်သူဟု တပ်မတော်မှ  သုံးသပ်ကြောင်းလည်း ဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် USAID နှင့် FHI တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည့် “ အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ်” ဆိုသည့်ပြောကြားချက်များအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သလို စိစစ်အရေးယူပေးရန်လည်း ဇူလိုင် ၁၁ရက်က သတင်းထုတ်ပြန်ထားသည်။ 

ယင်းအပြင် ဦးဖြိုးမင်းသိန်းအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဝန်ကြီးချုပ်၏တာဝန်နှင့်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းသာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသော တာဝန်များနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည်ဟုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်အပေါ် တပ်မတော်က ပြန်လည် တုံ့ပြန်ထားသည်။ 

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက် အပြည့်အစုံဖတ်ရန် - https://goo.gl/eW4XLu

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly