အမေရိကန်ရက်ပ်အဆိုတော်ဂျေဇီသည် အပေါင်းလက္ခဏာဆောင်သည့် မှတ်ချက်များရရှိထားသော နောက် ဆုံးထွက်ရှိထားသည့် သူ၏ဆယ့်သုံးချပ်မြောက် အယ်လ်ဘမ်ဖြစ်သည့် 4:44 အတွက် နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်မည့်အစီအစဉ်များကို တနင်္လာနေ့မနက်ပိုင်းက ကြေညာခဲ့သည်။
နယ်လှည့်ဖျော်ဖြေပွဲကို လာမည့်အောက်တိုဘာလ ၂၇ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် အန်နာဟိမ်းမြို့ မှ စတင်သွားမည်ဖြစ်ပြီး သူ၏မွေးရပ်မြို့ဖြစ်သည့် ဘရွတ်ကလင်းနှင့် အတ္တလန်တာ၊ တိုရန်တို၊ လာ့စ်ဗီးဂတ်စ်၊ ဒါးလက်စ်တို့ကဲ့သို့သော မြို့ကြီးများအပါအဝင် နိုင်ငံအတွင်းရှိ မြို့ပေါင်း ၃၁မြို့တွင် ပြုလုပ်သွားရန် စီစဉ်ထား သည်။
သီချင်းရောင်းသည့် ဝက်ဘ်ဆိုက်ဖြစ်သော Tidal ကိုအသုံးပြုသူများနှင့် Citi ဘဏ်ကတ်သုံးစွဲသူများသည် တနင်္လာနေ့မှစတင်၍ ကြိုတင်လက်မှတ်များကို စတင်ဝယ်သူသွားနိုင်မည်ဖြစ်သည်။ အခြားသူများအတွက် လက်မှတ်များကို လာမည့်ဇူလိုင်လ ၁၄ရက် သောကြာနေ့တွင် ဒေသစံတော်ချိန် မနက် ၁၀နာရီမှ စတင်၍ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။