ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ လာမည့်အောက်တိုဘာလတွင် လက်ထပ်ကြမည်

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ လာမည့်အောက်တိုဘာလတွင် လက်ထပ်ကြမည်

ကိုရီးယားဒရာမာဇာတ်ကားများကို ကြိုက်နှစ်သက်သူများ၏ စိတ်ကူးထဲမှစုံတွဲဖြစ်ကြသော ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့သည် လာမည့်အောက်တိုဘာလတွင် လက်ထပ်ကြတော့မည်ဖြစ်သည်။

၂၀၁၆ခုနှစ်၏ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲဖြစ်သော “Descendants of the Sun” ထဲမှ သရုပ်ဆောင် နှစ်ဦး၏ အေဂျင်စီများဖြစ်ကြသော Blossom Entertainment နှင့် UAA တို့မှ ဇူလိုင် ၅ ရက်နေ့တွင် ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်ထဲတွင် “ ပထမဦးဆုံးအနေနဲ့ ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ကို အားပေးကျသော ကိုရီးယားနှင့် နိုင်ငံတကာမှ ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ယခုလို အံ့သြစရာ သတင်း တစ်ခုကို ဖော်ပြရတဲ့အတွက်လည်း နားလည်ပေးဖို့ တောင်းဆိုပါတယ်။ ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ ဟာ လာမည့် ၂၀၁၇ အောက်တိုဘာလ နောက်ဆုံးရက်ထဲမှာ လက်ထပ်ပွဲကျင်းပကြတော့မှာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

ဒါ့အပြင် “ သူတို့စုံတွဲအတွက် လှပသာယာတဲ့ အနာဂတ်လေးကို အတူတကွပိုင်ဆိုင်စေဖို့ ဆုမွန်ကောင်း တောင်းပေးကြဖို့ ကျနော်တို့တောင်းဆိုပါတယ်။ ပြီးတော့ သူတို့နှစ်ဦးစလုံးကလည်း သူတို့ရဲ့ ပရိသတ်တွေဆီကို သီးခြားစီ သတင်းစကားပါးကြဖို့ အစီအစဉ်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်” ဟုလည်း ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly