ပခုက္ကူ၊ဇွန် ၃၀ ။ ။ ပခုက္ကူမြို့၊ အမှတ် ၁၅ရပ်ကွက် သီဟိုဠ်ရှင်ဘုရား အနောက်ဘက် အနီးတွင် ကိုရင်တစ်ပါး ဓါတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၃၀ရက်နေ့၊ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သီဟိုဠ်ရှင်ဘုရားကြီးအနောက်ဘက် အမြင့်၁၂ပေ လုံးပတ် ၄လက်မရှိ သစ်ပင်ပေါ်သို့ တက်ရောက်၍ ကစားရာမှ ဘုရားဝန်းအတွင်းရှိကျောင်းဆောင်များ အပေါ်သို့ သွယ်တန်းထားသည့်လျှပ်စစ်ကြေးနန်းကြိုးများဖြင့်ထိမိရာမှ ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန်အတွက် သေမှုသေခင်း အမှတ် ၁၃/၂၀၁၇ဖြင့်ပခုက္ကူမြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။