ချယ်လ်ဆီးနောက်ခံလူ အကီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘုန်းမောက်ခေါ်ယူ

ချယ်လ်ဆီးနောက်ခံလူ အကီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘုန်းမောက်ခေါ်ယူ

ဇွန် ၃၀၊ အင်္ဂလန် ။            ။ ဘုန်းမောက်အသင်းသည် ချယ်လ်ဆီးနောက်ခံလူ နသန်အကီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ အကီသည် ပြီးခဲ့သည့်ရာသီက ဘုန်းမောက်သို့ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ ဘုန်းမောက်အသင်းသို့   ပြန်လာရသည့်အတွက် ဝမ်းသာကြောင်း အကီက ပြောသည်။

‘ပြီးခဲ့တဲ့ရာသီတုန်းက ဒီအသင်းမှာ ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဘုန်းမောက်ကိုပြန်လာခွင့်ရတဲ့အတွက် ပျော်ပါတယ်’ ဟု အကီက ဆိုသည်။

အကီကို ခေါ်ယူနိုင်ခဲ့သည့်အတွက် ဘုန်းမောက်အသင်းနည်းပြဟိုဝီကလည်း ကျေနပ်လျက်ရှိနေပြီး အကီသည် အနာဂတ်တောက်ပနေသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ထိပ်တန်းအသင်းတစ်သင်းဖြစ်သော်လည်း ဘုန်းမောက်အသင်းမှာ ၎င်း၏ကစားသမားဘ၀ အတွက် နောက်တစ်ဆင့်တက်လှမ်းရန် မှန်ကန်သည့်နေရာဖြစ်ကြောင်းလည်း အကီက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags