ရန်ကုန်ကိုရေပေးဝေနေသည့် လှော်ကားပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရေ တစ်ရက် ပြတ်မည်

ရန်ကုန်ကိုရေပေးဝေနေသည့် လှော်ကားပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရေ တစ်ရက် ပြတ်မည်

ရန်ကုန်မြို့သို့ သောက်သုံးရေဖြန့်ဝေပေးနေသည့် လှော်ကားရေလှောင်ကန်မှ ပိုက်လိုင်း ချို့ယွင်းသွားသည့်အတွက် ဇွန် ၃၀ရက် နေ့လည်ပိုင်းထိ ရန်ကုန်မြို့အတွင်း ရေပြတ်လပ်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေ နှင့်သန့်ရှင်းမှု)က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၉ရက် နံနက် ၉နာရီအချိန်က မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရပ်ကွက်၊ အောင်ချမ်းသာလမ်းအနီးက ပိုက်လိုင်းချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်းက မြို့နယ် ၁၄ခုတွင် ရေပြတ်လပ်မည်ဖြစ်ပြီး ဇွန်လ ၃၀ရက် နေ့လည် ၂နာရီတွင် ရေပုံမှန်ပြန်ရမည် ထုတ်ပြန်ထားသည်။

ရေပြတ်လပ်မည့် မြို့နယ်များမှာ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ သာကေတ နှင့် ကျောက်တံတားမြို့နယ်တို့တွင် ခေတ္တပြတ်တောက်မည်ဖြစ်သည်။

အခြားရေလှောင်ကန်များဖြစ်သည့် ငမိုးရိပ်ရေလှောင်ကန် နှင့် ဂျိုးဖြူရေလှောင်ကန်တို့မှ ကျန်ရှိသည့်မြို့နယ်များကိုမူ ပုံမှန်အတိုင်းရေပေးဝေသွားမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly