ပေကျင်း၊ ဇွန် ၂၆ ။ ။ ဗြိတိန်ထံမှ ဟောင်ကောင်လက်လွဲရရှိသည့် နှစ် ၂၀ ပြည့်အဖြစ် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင် ဟောင်ကောင်သို့ လာရောက်ရန်ရှိစဉ် ဇွန် ၂၆ ရက်၌ ဟောင်ကောင်က ဒီမိုကရေစီ ထောက်ခံသူများက ဆန္ဒပြကြသည်။
ဗြိတိန်မှ တရုတ်က ဟောင်ကောင်အား ပြန်လည်ရရှိခြင်း အထိမ်းအမှတ် ရုပ်တုကို ဆန္ဒပြသူများက အနက်ရောင်အလံဖြင့် ဖုံးလွှမ်းထားလိုက်သည်။
နံနက်အစောပိုင်းက ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရာ အဆိုပါ ဘူဟီနီယာရွှေပန်းရုပ်တုအပေါ် တက်ရောက်ရန် လုပ်ဆောင်နေသည့် ဆန္ဒပြသူများအား ရဲက လုံခြုံရေးတပ်ဖွဲ့က တားဆီးစဉ်း နာမည်ကြီး ကျောင်းသားခေါင်းဆောင် ဂျိုရှောဝေါင်နှင့် တစ်ဒါဇင်မျှရှိသော ဆန္ဒပြသူများက ရုပ်တုကို အနက်ရောင်အလံဖြင့် ဖုံးအုပ်ပစ်ခဲ့ခြင်းဖြစ်သည်။
ဘူဟီနီယာရွှေပန်း ရုပ်တုကို ဟောင်ကောင်အား ပြန်ရသည့် အထိမ်းအမှတ်အဖြစ် ၁၉၉၇ ခုနှစ်အတွင်း တရုတ်က ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။
ရုပ်တု တည်ရှိရာသည် သမ္မတ ရှီကျင့်ဖျင် လာရောက်ရန် ရှိသော ကွန်ဗင်းရှင်းစင်တာ အပြင်ဖက်တွင် တည်ရှိသည်။
ဟောင်ကောင်အား ပြန်ရသည့် နှစ် ၂၀ ပြည့် အခမ်းအနား တက်ရောက်ရန် သမ္မတ ရှီကျင့်ဖျင်က လာမည့် ဇွန် ၂၉ ရက်မှ စတင်ပြီး သုံးရက်တာ ခရီးစဉ် လာရောက်ရန် ရှိသည်။