သြဂုတ် ၄ ရက် ။ ။ မလေးရှားနိုင်ငံ ပိုင်ဆိုင်မှုအရ အကြီးဆုံးဖြစ်သည့် May Banking Bhd (Maybank) က မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံး ဘဏ်ခွဲ ဖွင့်လှစ်လိုက်ပြီဟု ထုတ်ပြန်သည်။
မြန်မာဗဟိုဘဏ်မှ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မလေးရှားသံအမတ် နှင့် Maybank တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ကြကြောင်း ၎င်းဘဏ်၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
Maybank သည် အရှေ့တောင်အာရှ၌ စတုတ္တမြောက်အကြီးဆုံးဘဏ်ဖြစ်ပြီး မြန်မာအစိုးရက အောက်တိုဘာလ၌ လိုင်စင်ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၇၅ သန်းဖြင့် လည်ပတ်မည်ဖြစ်သည်။
၁၉၉၄ ခုက မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့ပြီး ကြားခံဆက်သွယ်မှုနှင့် အကြံပေးဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်။
Maybank သည် လေဆိပ်များ၊ ဆက်သွယ်ရေလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများကဲ့သို့သော အကြီးစားစီမံကိန်းများအတွက် ငွေကြေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။