တောင်ကိုရီးယားပေါ့ပ်ရော့ခ်ဂီတအဖွဲ့ CNBLUE ၏ အဖွဲ့ဝင်ဖြစ်သူ ဂျန်ယောင်ဟွာက လာမည့်ဇူလိုင်လတွင် သူ၏ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိနိုင်အောင် ပြင်ဆင်နေကြောင်း ဇွန် ၁၉ ရက်နေ့တွင် အတည်ပြု ခဲ့သည်။
ဂျန်ယောင်ဟွာသည် လွန်ခဲ့သော ၂၀၁၅ ဇန်နဝါရီလက “One Fine Day” ဟု အမည်ပေးထားသော သူ၏ တစ်ကိုယ်တော် တေးသီချင်းတစ်ပုဒ်ကို နောက်ဆုံးထွက်ရှိထားခဲ့ပြီး တစ်နှစ်နှင့်ခြောက်လအကြာတွင် ယခုလို တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
CNBLUE အဖွဲ့၏ အနုပညာလုပ်ငန်းများနှင့်အတူ ဂျန်ယောင်ဟွာသည် သူ၏ တစ်ကိုယ်တော်အခွေ ထွက်ရှိနိုင် ရန် လွန်ခဲ့သော မတ်လကတည်းက တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ သူ၏အခွေအသစ်ကို CNBLUE အဖွဲ့၏ ပင်ကိုစတိုင်လ်မှ ခွဲထွက်ကာ ပုံစံတမျိုးဖြင့် ချပြရန် ရည်ရွယ်ထားကြောင်း သူကပြောခဲ့သည်။
ဒါ့အပြင် ဂျန်ယောင်ဟွာသည် နယူးယောက်မှ တေးရေးဆရာများနှင့် အလုပ်တွဲဖက်လုပ်ကိုင်နေကြောင်း သိရ သည်။
CNBLUE အဖွဲ့၏ အေဂျင်စီဖြစ်သော FNC Entertainment ကလည်း အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ ဂျန်ယောင်ဟွာ၏ တစ်ကိုယ်တော် အနုပညာလုပ်ငန်းနှင့် ပက်သက်၍ အတည်ပြုခဲ့ပြီး “ ဂျန်ယောင်ဟွာက ဇူလိုင်လဲထဲမှာ သူ့ရဲ့တစ်ကိုယ်တော်အခွေ ထွက်ရှိနိုင်ဖို့ စိတ်နှစ်ထားပါတယ်” ဟု ပြောခဲ့သည်။
Ref: Soompi