USDP က ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းနေ

USDP က ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ကောက်ခံရရှိမည့် အလှူငွေများအား 'အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီ' ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဟု သိရသည်။

USDP မှ ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဝင်များနှင့် အခြားအလှူရှင်းများမှလည်း တတ်အားသ၍ ပါဝင်လှူဒါန်းနေသည်ဟုဆိုသည်။

ပါတီဥက္ကဌ သူရဦးရွှေမန်းနှင့် ဇနီးခင်လေးသက်တို့ နာယကအဖြစ် ပါဝင်သည့် "မန်းအောင်ငြိမ်းဖောင်ဒေးရှင်း" မှ ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်၍ ကျပ် သိန်း ၁၀၀၀ အား ပါတီဌာနချုပ်တွင်ဖွဲ့စည်းထားသည့် 'ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်ရေးအဖွဲ့' ထံ သြဂုတ် ၃ ရက်နေ့က သွားရောက် ပေးအပ် လှူဒါန်းခဲ့သေးကြောင်း H.E. Thura U Shwe Mann Facebook မှ တဆင့် သိရသည်။

အမျိုးသားသဘာ၀ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဖြစ်ပြီး ယင်းဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီတရပ်လည်းကို ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly