ရန်ကုန်၊ ဇွန်လ ၅ ။ ။ မိုးကြိုးပစ်ခံရခြင်းနှင့် ပတ်သက်ပြီး Mobile Phone များဟာ မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတဲ့ အယူအဆဟာ လွဲမှားနေပါတယ် ဒေါက်တာထွန်းလွင်က ဇွန်လ ၄ ရက်က အသိပေးထားသည်။
“မိုဘိုင်းဖုန်းတွေဟာ ပါဝါနိမ့်တဲ့ ကရိယာတွေသာဖြစ်ကြပြီး မိုးကြိုးပစ်ခံရနိုင်တဲ့ထူးခြားချက်များ မပါရှိကြပါ” ဟု ဦးထွန်းလွင်က သူ့ လူမှုကွန်ရက်စာမျက်နှာတွင် ပြောထားသည်။
သို့ရာတွင် တိုက်ရိုက်စီးကူးမှုမရှိသော်လည်း မိုဘိုင်းဖုန်းသို့ ဆက်သွယ်ထားသော လိုင်းကြိုးများမှတဆင့် စီးဝင်နိုင်သည်ဟု သိရသည်။
“မြေအောက်မြေပေါ်လိုင်းကြိုးများ (Landlines) ဟာ မိုးတိမ်တောင်တစ်ခုဖြစ်ပေါ်နေစဉ် လျှပ်စစ်စီးကြောင်း စီးကူးမှုအတွက် လုံခြုံမှုမရှိကြပါ” ဟု ဒေါက်တာထွန်းလွင်က ပြောဆိုထားသည်။
အဓိက အကြောင်းမှာ ဝါယာ ကီလိုမီတာရာပေါင်းများစွာဟာ လေထဲတွင် တည်ရှိနေကြပြီး မြေအောက်ကြိုးများမှတစ်ဆင့် အိမ်အတွင်းသို့ ဆက်သွယ်ထားသည့်အတွက် တစ်နေရာရာတွင် မိုးကြိုးပစ်မှုဖြစ်တိုင်း လျှပ်စစ်စီးကြောင်းများဟာ တယ်လီဖုန်း Cable ကြိုးများမှ တစ်ဆင့် ဆက်သွယ်ထားသောအသုံးအဆောင် ကရိယာသို့ ရောက်ရှိလာနိုင်သောကြောင့် ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က အသိပေးထားသည်။
ယခုကာလသည် မိုးကြိုကာလတွင် ကျရောက်နေပြီး မိုးကြိုးပစ်မှုများ ဖြစ်ပေါ်နိုင်၍ အပြင်ထွက်နေသူတစ်ဦးဟာ ကုန်းမြင့်တစ်ခုအပေါ်သို့ ရောက်ရှိနေသောအခါ၊ ကွင်းပြင်တစ်ခုတွင် ရောက်ရှိနေသောအခါ၊ ရေပြင်တစ်ခုအနီးရောက်ရှိနေသောအခါ၊ သစ်ပင် သို့မဟုတ် မြင့်မားသော ထိုးထိုးထောင်ထောင်ပစ္စည်း တစ်ခုအနီးသို့ရောက်ရှိနေသောအခါ၊ သတ္ထုအဆောက်အဦတစ်ခု အနီးရောက်ရှိနေသောအခါများတွင် မိုးကြိုးပစ်ခံရရန် အလားအလာ မြင့်မားလာလေ့ရှိကြောင်း သိရသည်။