ချယ်လ်ဆီးတိုက်စစ်မှူး ဆိုလန်ကီကို လီဗာပူးခေါ်ယူ စာချုပ်

ချယ်လ်ဆီးတိုက်စစ်မှူး ဆိုလန်ကီကို လီဗာပူးခေါ်ယူ စာချုပ်

မေ ၃၁၊ လီဗာပူး။        ။ လီဗာပူးအသင်းသည် ပြိုင်ဖက် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်လူငယ်လက်ရွေးစင်တိုက်စစ်မှူး  ဒိုမီနစ်ဆိုလန်ကီကို ခေါ်ယူစာချုပ်ရန် သဘောတူညီမှုရခဲ့ပြီဖြစ်သည်။

ဆိုလန်ကီနှင့်လီဗာပူးအသင်းတို့မှာ ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇူလိုင်လ ၁ ရက်တွင်မှ တရားဝင်စာချုပ်မည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဆိုလန်ကီအတွက် ပေါင် သုံးသန်းခန့်ကုန်ကျမည်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် နှစ်သောင်းဖြင့် သဘောတူခဲ့ခြင်းဖြစ်သည်။

အသက် ၁၉နှစ်အရွယ်လူငယ်တိုက်စစ်မှူး ဆိုလန်ကီမှာ လက်ရှိ အင်္ဂလန်ယူ-၂၁အသင်းလက်ရွေးစင်ကစားသမား တစ်ဦးဖြစ်ပြီး စကော့တလန်ကလပ် ဆဲလ်တစ်နှင့် ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းတို့က စိတ်ဝင်စားခဲ့သော်လည်း လီဗာပူးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဆိုလန်ကီမှာ ၂၀၁၅-၁၆ ဘောလုံးရာသီက နယ်သာလန်ကလပ် ဗီတက်ဆီအသင်းထံသို့ အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး ၂၅ပွဲကစားကာ ၇ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဆိုလန်ကီမှာ ချယ်လ်ဆီးအသင်းကြီးတွင် တစ်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly