ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မြန်မာပရိသတ်များနှင့်အတူ မိုရီယန်တေးစ် လာရောက်ကြည့်ရှုမည်

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မြန်မာပရိသတ်များနှင့်အတူ မိုရီယန်တေးစ် လာရောက်ကြည့်ရှုမည်

မေ ၃၀၊ ရန်ကုန်။          ။ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ဖာနန်ဒို မိုရီယန်တေးစ်သည် ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်တို့ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မြန်မာနိုင်ငံသို့လာရောက်ပြီး မြန်မာပရိသတ်များနှင့်အတူ အားပေးကြည့်ရှုသွားမည်ဖြစ်သည်။

မိုရီယန်တေးစ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရန်ကုန်မြို့၊ မြန်မာပလာဇာရှိ Eclipse Bar & Restaurant တွင် ပရိသတ်များနှင့် အတူကြည့်ရှုမည်ဖြစ်ကြောင်း Heineken က ကြေညာခဲ့ခြင်းဖြစ်သည်။

ပရိသတ်များအနေနှင့် မိုရီယန်တေးစ်နှင့်အတူ ချန်ပီယံလိဂ် နောက်ဆုံးဖိုင်နယ်ပွဲစဉ်အား အတူကြည့်ရှုနိုင်မည့် အခွင့်အရေးအား ရယူနိုင်ရန်အတွက် Heineken မှစီစဉ်သည့် အစီအစဉ် ၂ ခုအနက် တစ်ခုတွင် ဝင်ရောက်ပါဝင်ရမည် ဖြစ်သည်။

တစ်ခုမှာ အွန်လိုင်းဗီဒီယိုတစ်ခုပြုလုပ်ရန်နှင့် အခြားတစ်ခုမှာ ကံစမ်းမဲအစီအစဉ်မှနေ၍ ကံစမ်းခြင်းဖြစ်သည်။ အစီအစဉ် အသေးစိတ်ကို Heineken ၏ facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖာနန်ဒို မိုရီယန်တေးစ် ဆန်းချက်စ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကမ္ဘာကျော် ကစားသမားများဖြစ်သည့် ဇီဒန်း၊ လူးဝစ်ဖီဂို၊ ရော်ဘတ်တို ကားလို့စ်၊ ရာအူးလ် တို့နှင့်အတူ တွဲဖက်ကစားခဲ့ပြီး ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆုဖလား သုံးကြိမ်နှင့် လာလီဂါဆုဖလား နှစ်ကြိမ် ရရှိထားသူတစ်ဦး ဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဇွန်လ ၃ ရက်တွင် ကာဒစ်ဖ်မြို့၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly