ပရီးမီးယားလိဂ်ဖလားလိုချင်လျှင် ခြေစွမ်းတည်ငြိမ်မှုလိုအပ်ဟု မန်ယူကွင်းလယ်လူမာတာပြော

ပရီးမီးယားလိဂ်ဖလားလိုချင်လျှင် ခြေစွမ်းတည်ငြိမ်မှုလိုအပ်ဟု မန်ယူကွင်းလယ်လူမာတာပြော

မေ ၃၀၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားရယူချင်လျှင် ခြေစွမ်းတည်ငြိမ်မှုရှိရန်လိုအပ်သည်ဟု မာတာကဝန်ခံပြောဆိုသည်။

ယူနိုက်တက်သည် နည်းပြမော်ရင်ဟိုက အိုးထရက်ဖို့ဒ်ထံအောင်မြင်မှုများပြန်လည်ယူဆောင်လာခြင်းနှင့်အတူ ၂၀၁၆-၁၇ ရာသီတွင် ကွန်မြူနတီဒိုင်း၊ EFL ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့သည်။

သို့သော်လည်း အင်္ဂလိပ်ဘောလုံးလောက၏အရေးပါဆုံးဖြစ်သော အမှတ်ပေးချန်ပီယံဖလားကိုမူ ရယူပေးနိုင်ခဲ့ခြင်းမရှိပေ။

“ရာသီကြိုကာလပြီးတော့ ကွန်မြူနတီဒိုင်းရတယ်။ ကျွန်တော့်အတွက် ထူးရှယ်ပွဲတစ်ပွဲကစားပြီးတော့ လန်ဒန်မှာ EFL ဖလားကိုင်မြှောက်နိုင်ခဲ့တယ်။ ပြီးတော့ ဆွီဒင်မှာလည်း ယူရိုပါလိဂ်ဖလားရခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ ခြေမငြိမ်ခဲ့ဘဲ ထိထိရောက်ရောက်လည်း မကစားနိုင်ခဲ့တာကို သတိထားမိပါတယ်။ အဲဒါတွေကပဲ ကျွန်တော်တို့ကို မန်ယူအသင်းလုပ်နေကျဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံလုဖို့ အတားအဆီးဖြစ်စေခဲ့တယ်။

နောက်ရာသီဆိုရင် ယူနိုက်တက်နဲ့ထိုက်တန်ပြီး ကျွန်တော်တို့အားလုံးလည်းရောက်ချင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားရပါတော့ မယ်”ဟု မာတာ၏ ဘလော့ဂ်တွင် ရေးထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly