မန်စီးတီးသို့ပြောင်းရန် ဘင်ဖီကာဂိုးသမား အက်ဒါဆင်အရိပ်အမြွက်ပြော

မန်စီးတီးသို့ပြောင်းရန် ဘင်ဖီကာဂိုးသမား အက်ဒါဆင်အရိပ်အမြွက်ပြော

မေ ၂၉၊ မန်ချက်စတာ။           ။ ဘင်ဖီကာဂိုးသမား အက်ဒါဆင်သည် ပေါ်တူဂီကလပ်အတွက်နောက်ဆုံးပွဲကိုကစားပေးခဲ့သည်ဟုပြောပြီး မန်စီးတီးနှင့် အပြောင်းအရွှေ့ကို အရိပ်အမြွက်ဆိုခဲ့သည်။

မန်စီးတီးအသင်းသည် ပေါင် ၃၅ သန်းတန်ဂိုးသမားကိုခေါ်ယူရန်စဉ်းစားနေသည်။ ပေါ်တူဂီဖလားဖိုင်နယ်တွင် ဂွီမာရေးအသင်း ကို ဘင်ဖီကာအသင်း အနိုင်ရအောင်ကူညီပြီး ပြည်တွင်းဖလားနှစ်လုံးရစေပြီးနောက် အသက် ၂၃ နှစ်အရွယ် အက်ဒါဆင်က အသင်းပြောင်းဖွယ်ရှိကြောင်း ပြောသည်။

ဘရာဇီးဂိုးသမားက “ခုထိတော့ မသိသေးဘူး။ ဒါပေမဲ့ ဒီပွဲက ဘင်ဖီကာအတွက် နောက်ဆုံးပွဲလည်းဖြစ်နိုင်တယ်”ဟု ပြောသည်။

မန်စီးတီးနည်းပြဂွာဒီယိုလာသည် ကာဘယ်လီရိုကိုအသင်းမှထွက်ခွာခွင့်ပြုထားပြီး အင်္ဂလန်ဂိုးသမားဂျိုးဟတ်၏အနာဂါတ် မှာလည်း အသင်းတွင်မရှိရာ စီးတီးနည်းပြအနေဖြင့် ဘရာဗိုနှင့်ပြိုင်ဆိုင်မည့်ပြိုင်ဘက်တစ်ဦးကို လိုချင်နေသည်။

ဘာနာဒို ဆေးလ်ဗားကိုခေါ်ထားသည့် မန်စီးတီးအသင်းအနေဖြင့် ဂိုးသမား အက်ဒါဆင်ကိုထပ်ခေါ်နိုင်ခဲ့ပါက လက်ရှိနွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင်သန်း ၁၀၀ နီးပါးဖြစ်သွားမည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly