ဒီပဲယင်း လေဘေးသင့်ကျေးရွာများသို့ တိုင်းဝန်ကြီးချုပ် သွားရောက်

ဒီပဲယင်း လေဘေးသင့်ကျေးရွာများသို့ တိုင်းဝန်ကြီးချုပ် သွားရောက်
ဓာတ်ပုံ- MOI

မေ ၁၇ ။           ။ စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၌ ကျေးရွာလေးရွာ လေပြင်းတိုက်ခတ်ခံရပြီး အနည်းဆုံး လူနေအိမ် (၃၀) ပြိုလဲကျခဲ့သဖြင့် မေလ ၁၇ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သွားရောက်ခဲ့ကာ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေးပြင်းတိုက်ခတ်ခံရသော ကျေးရွာများသို့ မေလ ၁၇ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦဝင်းမြင့်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦဝင်းဇော်ထွေး တို့က  စိုင်ပြင်စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး လေပြင်း တိုက်ခတ်ခံရသော အိမ်ထောင်စုများနှင့် တွေ့ဆုံခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ထောက်ပံ့လှူဒါန်းငွေကျပ်(၈၂)သိန်းနှစ်သောင်းနှင့် အိမ်ထောင်စုတစ်စုလျှင် ပုဆိုး လုံချည် ဆပ်ပြာ စွပ်ကျယ် မျက်နှာသုတ်ပုဝါ ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့သည်။

ယမန်နေ့ မေ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ခံရမှုကြောင့် လူနေအိမ်များ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ အမိုးလန်ပြိုလဲမှုများ ဖြစ်ပေါ်ခဲ့ရာ လူနေအိမ်(၁၄၅)အိမ် အခြားအဆောက်အဦ (၁၄)ခု ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့ ပျက်စီးထိခိုက်ခဲ့ပြီး လူနေအိမ် (၃၀) ပြိုလဲကျခဲ့ကြောင်း ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။

မေလ ၁၆ ရက်ညက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၂၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင်  ယခု တတိယအကြိမ်လေပြင်းတိုက်ခတ်ခြင်းဖြစ်ပြီး မေလ ၂ ရက်က ပထမအကြိမ် ကျေးရွာတစ်ရွာ ၊ မေလ ၅ ရက် ဒုတိယအကြိမ် ကျေးရွာပေါင်း ၁၉ ရွာ တို့ လေပြင်းတိုက်ခတ်ခံရကြောင်း ပြန်ကြားရေးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly