အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA) ရဲ့ မေ ၁၅ ရက်နေ့၊ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ချက်အရ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ရမှတ် ၇,၀၃၅ ဖြင့် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံရဲ့ နံပါတ် ၁ နေရာကို ပြန်လည်ရယူလိုက်ပါတယ်။
ရမှတ် ၆,၁၁၀ ဖြင့် နံပါတ် ၂ နေရာက ဝီလျံဟာ သူမရဲ့ ကိုယ်ဝန်ကြောင့် ၂၀၁၇ မှာ ထပ်မကစားနိုင်တော့တာကြောင့် အခုလို အဆင့်တစ်ဆင့်ကျသွားတာဖြစ်ပါတယ်။
ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာ ဟာလက်ပ်ဟာ စနေနေ့က မက်ဒရစ်အိုပင်းမှာ နှစ်ကြိမ်မြောက် ဆုဖလားရရှိခဲ့တဲ့နောက် အဆင့် ၄ နေရာအထိ ခုန်တက်ခဲ့ပါတယ်။
လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ
၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၇,၀၃၅
၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၆,၁၁၀
၃) ပလစ်ဆကိုဗာ (ချက်) ၆၀,၀၁၀
၄) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅,၂၀၅
၅) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၄,၄၈၀
၆) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၃၃၀
၇) မူဂူရူဇာ (စပိန်) ၄,၂၈၇
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၂၆၀
၉) ရစ်ဝမ်စ်ကာ (ပိုလန်) ၄,၁၉၅
၁၀) ကယ်ရိုလိုင် ဝိုဇီနီယာကီ (ဒိန်းမတ်) ၃,၉၁၅
© EFE_EPA