အတွေ့အကြုံက ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ကူညီပေးနိုင်လိမ့်မည်ဟု အာစင်ဝင်းဂါးပြော

အတွေ့အကြုံက ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ကူညီပေးနိုင်လိမ့်မည်ဟု အာစင်ဝင်းဂါးပြော

မေ ၁၁၊ အင်္ဂလန် ။            ။ ဆောက်သမ်တန်အသင်းကို အဝေးကွင်းတွင် နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သူ၏အတွေ့အကြုံက အကူအညီဖြစ်လာလိမ့်မည်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် မန်ယူအသင်းကို အနိုင်ရပြီးနောက် ဆောက်သမ်တန်အသင်းကို ထပ်မံအနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းသည် မန်ယူအသင်းကို ကျော်ပြီး အဆင့်ငါးသို့ရောက်ရှိသွားခဲ့ကာ အဆင့်သုံးမှ လီဗာပူးလ်နှင့် တစ်ပွဲလျော့လေးမှတ်၊ အဆင့်လေးမှ မန်စီးတီးနှင့် သုံးမှတ်ကွာဟလျက်ရှိသည်။

‘အတွေ့အကြုံက ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ပွဲတွေကို အနိုင်ရနိုင်တယ် ဆိုတာသိပါတယ်။ ပြီးခဲ့တဲ့ မန်ယူနဲ့ပွဲမှာ ကစားပုံက ကောင်းမွန်ခဲ့သလို ဒီပွဲမှာလည်း ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒီပုံစံအတိုင်း ဆက်လက်ကောင်းမွန်နေဦးမှာပါ’ ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် လက်ကျန်ပွဲစဉ်သုံးပွဲအဖြစ် စတုခ်စီးတီး၊ ဆန်းဒါးလန်၊ အဲဗာတန်တို့နှင့်ကစားရမည်ဖြစ်သည်။ အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးကိုင်တွယ်ခဲ့သည့် နှစ် ၂၀ တွင် နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly